ကျိုက်မရောမြို့၌ (၄၄) ကြိမ်မြောက် မြို့လုံးကျွတ် ဆွမ်းကြီးလောင်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ နှစ်စဥ်ကျင်းပမြဲဖြစ်သော မြို့လုံးကျွတ်ဆွမ်းကြီးလောင်းပွဲတော်ကြီးကို ယနေ့နံနက် ၇ နာရီအချိန်က ကျိုက်မရောမြို့ပြည်သူ့ဆေးရုံရှေ့မှစတင်ကာ ဆုတောင်းပြည့်ဘုရားကြီးရှေ့မဏ္ဍပ်ထိ ကျင်းပခဲ့သည်။

တောင်ကြီးမြို့၌ စျေးများ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေး ဟောပြောခြင်းများဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စျေးပိုင်းရပ်ကွက်ရှိ မြို့မစျေးကြီး၌ ယနေ့ နံနက် ၉ နာရီက မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် မီးဘေးအသိပညာပေးခြင်းများ ဆောင်ရွက်သည်။

မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ယနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့နယ်အဆင့် Grade-5နှင့် Grade-9 သင်ရိုးသစ် ဘာသာရပ်ဆိုင်ရာအရည်အသွေးမြှင့်သင်တန်း ဖွင့်လှစ်ပို့ချ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အဆင့် Grade-5နှင့် Grade-9 သင်ရိုးသစ် ဘာသာရပ်များဆိုင်ရာ သင်ကြားသင်ယူမှုစနစ် ပိုမိုထိရောက်လွယ်ကူ‌စေရန်ရည်ရွယ်၍ အရည်အသွေးမြှင့်သင်တန်းကို  ဇန်နဝါရီလ ၁၀ ရက်မှစတင်ပြီး ဖွင့်လှစ်ပို့ချလျက်ရှိသည်။

တောင်တွင်းကြီးမြို့နယ်တွင် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု  (၁/၂၀၂၅) အခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (၁/၂၀၂၅) အခြေခံ​သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၁)နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၇၁) စက်မှုလယ်ယာစခန်း၌ ကျင်းပခဲ့သည်။

ကံမမြို့နယ်၌ အခြေခံပညာ အလယ်တန်းဆင့်(Grade-5)နှင့် မူလတန်းဆင့် (Grade-5) သင်ကြား သင်ယူမှု အရည်အသွေးမြှင့် မြို့နယ်အဆင့် ဆွေးနွေးပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအလယ်တန်းဆင့်(Grade-5)နှင့် မူလတန်းဆင့်(Grade-5)သင်ကြားသင်ယူမှု အရည်အသွေးမြှင့် မြို့နယ်အဆင့်ဆွေးနွေးပွဲကို အခြေခံပညာအထက်တန်းကျောင်း(ကံမ)၏ မြဝတီခန်းမ၌ ယနေ့ နံနက်(၉)နာရီက ကျင်းပပြုလုပ်ရာ အလယ်တန်း၊ မူလတန်း၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

ပုသိမ်ကြီးမြို့နယ်၌ မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေး ပူးပေါင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးအနေဖြင့် ယမန်နေ့နံနက်ပိုင်းက ရန်ကင်းတောင်ကျေးရွာ၌ အသိပညာပေးလုပ်ငန်းများ လှည့်လည်ဆော်ဩခဲ့ကြသည်။

ကံမမြို့နယ်၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းနှင့် ကြွပ်ကြွပ်အိတ်အစားထိုး အင်ဖက်များ အခမဲ့ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် ကြွပ်ကြွပ်အိတ် လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများ ပလတ်စတစ်ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်းနှင့် ကြွပ်ကြွပ်အိတ်အစားထိုး အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် (၇)နာရီက အဆိုပါဈေးအတွင်း ဆောင်ရွက်ခဲ့ကြသည်။

မြဝတီမြို့ အ.လ.က(၄) ၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲကျင်းပ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အမှတ်(၄)အခြေခံပညာ အလယ်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။

ကံမမြို့နယ်၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose) ထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူဆေးရုံကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက် (၉) နာရီက ဌာနဆိုင်ရာဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများ၊ သက်ကြီးရွယ်အိုများအား စတင်၍ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Subscribe to