ကျောက်တလုံးကြီးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် (Youth Club) တို့ပူးပေါင်း၍ လူငယ်အသိမြင့်မားရေး၊ ဘဝအောင်မြင်ရေးအတွက် ကိုယ်ပိုင်လား၊ အဌားလား၊ ကိုယ်တိုင်တည်‌ဆောက်ယူမှာလား စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၁) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျင်းပပြုလုပ်သည်။

မိတ္ထီလာမြို့ ပြည်သာယာရပ်ကွက် မျက်နှာကြီးစေတီတော်ရင်ပြင်တော်၌ (ဒသမ) ကြိမ်မြောက် စာရေးတံဆွမ်းသပိတ်ဆက်ကပ်လှူဒါန်းလှူပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ မျက်နှာကြီးစေတီတော်ရင်ပြင်တော်၌ ရတနာဦးကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တဝိသုဒ္ဓ၏ ဩဝါဒါခံယူကျင်းပသော (ဒသမ)ကြိမ်မြောက် စာရေးတံဆွမ်းသပိတ်ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၆ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

မိုးနဲမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နားခံ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) နားခံ၏  ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းခန်းမ‌နေရာ၌ ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူလေးများက “ဘက်စုံပညာကိုရည်တို့လှမ်းချီ‌”တေးသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။

တောင်တွင်းကြီးမြို့ ဒက္ခိဏစျေးအတွင်း ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးခြင်းနှင့် ပလတ်စတစ်ညစ်ညမ်းမှုလျော့ချရေး အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများပလတ်စတစ်အိတ် လျော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး၊ ဒက္ခိဏစျေးအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ပလတ်စတစ်အိတ်၊ ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များအသုံးပြုနိုင်ရေးအသိပညာပေးခြင်း (Campaign) နှင့် ပလတ်စတစ်ညစ်ညမ်းမှုလျော့ချရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့ နံနက် (၇) နာရီက ဒက္ခိဏစျေးအတွင်းရှိ စျေးသည်များကို ဖြန့်ဝေခြင်း ဆောင်ရွက်ခဲ့သည်။

တောင်တွင်းကြီးမြို့နယ်တွင် (၁၁) ကြိမ်မြောက် ပြာသိုလပြည့်နေ့ အမေများနေ့ အကြို ဓမ္မသဘင်အခမ်းအနား ဆက်လက်ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် (၁၁) ကြိမ်မြောက် ပြာသိုလပြည့်နေ့ အမေများနေ့ အထိမ်းအမှတ်အကြို ဓမ္မသဘင် အခမ်းအနားကို ယမန်နေ့ နေလယ် (၃)နာရီအချိန်က ဆူးကောက်ကြီးအုပ်စု၊ ချင်းကုန်းကျေးရွာ ရွာဦးဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း၌ ဆက်လက်ကျင်းပခဲ့သည်။

ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး‌လက်ကမ်း‌စာစောင် ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်နိုင်ရေး ရွှေမိုက်များ ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချလေလံပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် အနော်ရထာမင်းကြီးနှင့် ကျန်စစ်သားမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရန် စတုတ္ထပိုင်းဖြစ်သည့် အလယ်ပစ္စယံ၊ အောက်ပစ္စယံ၊ နတ်မုခ်(၄)ခု၊ နတ်လှေကား(၄)စင်း၊ ခြင်္သေ့ကြီး(၄)စီး၊ ကြာသွပ်အိုး(၈)လုံးရှိ ရွှေမိုက်များ ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချလေလံပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ရွှေစည်းခုံစေတီတော်ကြီး အင်္ဂါထောင့်မဏ္ဍပ်တွင်ကျင်းပခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပွင့်လင်းရာသီကာလ ရောက်ရှိလာပြီဖြစ်၍ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး အသိပညာပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်သို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့ ခါနာန်ကျေးရွာတွင် အခြေခံမီးသတ်ပညာသင်တန်း(၁/၂၀၂၅) ဖွင့်လှစ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက ဆောင်ရွက်သော အရန်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက နမ့်လစ်ကျေးရွာအုပ်စု၊ ခါနာန်ကျေးရွာရှိ ဘက်စုံသုံးခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ကျိုင်းတုံမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၅) ဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက ကတ်တောင်ကျေးရွာ နယ်မြေမီးသတ်စခန်းတွင်  ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to