ကျိုင်းတုံမြို့ ကျိုင်းဖောင်းရေပူစမ်း၌ ဆောင်းရာသီကာလ လာ‌ရောက်အပန်းဖြေလည်ပတ်သူများဖြင့် စည်ကား

ကျိုင်းတုံ ဇန်နဝါရီ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ကျိုင်းဖောင်း ရေပူစမ်း/မြရွှေရည် ရေပူအပန်းဖြေစခန်းသို့ ဆောင်းရာသီကာလအတွင်း လာရောက်အပန်းဖြေလည်ပတ်သူများ စည်ကားလျက်ရှိကြောင်း သိရသည်။

အဆိုပါအပန်းဖြေစခန်းသည် ကျိုင်းတုံ-တောင်ကြီး ကားလမ်းမကြီးဘေး ကျိုင်းဖောင်းချောင်းအနီး၌တည်ရှိပြီး သဘာဝအ‌လျောက်တည်ရှိသော ရေပူစမ်းတစ်ခုဖြစ်ပြီး ‌တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက အများပြည်သူများ လာရောက်အပန်းဖြေနိုင်စေရန် ရေချိုးခန်းများဆောင်ရွက်ထားရှိပြီး ယခုဆောင်းရာသီကာလ အဆိုပါ ရေပူစမ်းတွင် ဒေသထွက်အစားအစာများ ရောင်းချခြင်း၊ သဘာဝရေပူစမ်းဖြင့် ကြက်ဥ၊ ငုံးဥ၊ ပြောင်းဖူးများ ပြုတ်စားခြင်းနှင့် ရေပူစမ်းကွင်းပြင်ရှိ မြက်ခင်းပြင်တွင် ပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်အပန်းဖြေလည်ပတ်ကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)