လွိုင်လင်မြို့၊ အခြေခံပညာမူလတန်းလွန်ကျောင်း(ကွတ်ချိုး)တွင် မူကြိုကျောင်းဆောင်ဖွင့်ပွဲနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

လွိုင်လင် ဇန်နဝါရီ ၁၃

ရှမ်းပြည်နယ်၊ တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ အခြေခံပညာမူလတန်းလွန်ကျောင်း(ကွတ်ချိုး)တွင် မူကြိုကျောင်းဆောင်ဖွင့်ပွဲနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်  ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများမှ မူကြိုကျောင်းဆောင်အား ဖဲကြိုးဖြတ်ကာဖွင့်လှစ်ပေးခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူများက "စုံညီပွဲတော် တို့နွဲပျော်" သီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပညာရေးစုံညီပွဲတော်အခမ်းအနားကိုပြုလုပ်ရာ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးသန်းစိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမာမှ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်၏ တစ်နှစ်တာလုပ်ဆောင်ချက်များအား ရှင်းလင်းတင်ပြပေးခဲ့သည်။

ယင်းနောက် ကျောင်းကော်မတီမှကျောင်း၏လိုအပ်ချက်များကို တင်ပြပေးခဲ့ကာ တာဝန်ရှိသူများမှအလှူငွေများ၊ ဂုဏ်ပြုမှတ်တမ်းများ၊ ပညာရည်ချွန်ဆုနှင့် မြို့နယ်အဆင့်ထူးချွန်ဆုရကျောင်းသား/ကျောင်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 ယင်းနောက် တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အတွင်းရှိ ကျောင်းအုပ်ဆရာမကြီးများနှင့် ဖိတ်ကြားထားသူများအား ကျောင်းသား/ကျောင်းသူလေးများမှ အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ပေးခဲ့ကြောင်း သိရသည်။

အယ်မင်း (လွိုင်လင်)