မက်မန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးဆောင်ရွက်

မက်မန်း ဇန်နဝါရီ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုရာတွင် မေးခွန်းအတွေ့အကြုံများရရှိစေရန်၊ ဖြေဆိုရမည့် မေးခွန်းအပေါ်တွင် အခက်အခဲ မရှိစေရန်နှင့် တက္ကသိုလ်ဝင်တန်းအောင်ချက် မြင့်မားစေရန်ရည်ရွယ်၍ ကျိုင်းတုံတက္ကသိုလ်မှ ပါမောက္ခချုပ် ဆရာမကြီးများက ယနေ့ နံနက် ၈ နာရီအချိန်က  မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် လာရောက်သင်ကြားပို့ချခဲ့သည်။

အဆိုပါ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် ကျိုင်းတုံတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာမိုးမိုးစောက မြန်မာစာဘာသာရပ်ကိုလည်းကောင်း၊ တွဲဖက်ပါမောက္ခ ဒေါ်ခင်မြတ်ဦးက အင်္ဂလိပ်စာဘာသာရပ်ကိုလည်းကောင်း၊ ပါမောက္ခ ဒေါက်တာအေးအေးလှိုင်က သင်္ချာဘာသာရပ်ကိုလည်းကောင်း၊ တွဲဖက်ပါမောက္ခ ဒေါက်တာဝင်းဝင်းဌေးက ဓာတုဗေဒဘာသာရပ်ကိုလည်းကောင်း၊ တွဲဖက်ပါမောက္ခ ဒေါက်တာစောစန္ဒာမြင့်က ရှုပဗေဒဘာသာရပ်ကိုလည်းကောင်း၊ ပါမောက္ခ ဒေါက်တာသန်းသန်းဝင်းက စီးပွားရေးပညာဘာသာရပ်ကိုလည်းကောင်း သင်ကြားပို့ချခဲ့သည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အ.ထ.က(မက်မန်း)စာစစ်ဌာနမှ တက္ကသိုလ်ဝင်တန်းဝင်ရောက် ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ (၂၈) ဦးရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အေဇ‌က်ထွန်း(မက်မန်း)