ကရသူရိမြို့၌ ကျောင်းသား/သူများအား အသိပညာပေးနံရံကပ်စာစောင်များပြသ ဆောင်ရွက်

ကရသူရိ ဇန်နဝါရီ ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/သူများ အသိပညာ ဗဟုသုတရရှိရေးနံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိခြင်း၊ အမြော်အမြင်များနှင့်ပြည့်စုံခြင်း၊ ကြိုတင်ကာကွယ်ရှောင်ရှားနိုင်ခြင်းစသည်တို့ကို ပညာပေးပြသခြင်းဖြစ်ရာ အဆိုပါပြသရာ၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊ လူကုန်ကူးခြင်းဆိုသည်မှာ၊ လူကုန်ကူးခြင်း ခံရလျှင် ခံစားရမည့်ဆိုးကျိုးများ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအကြောင်းနှင့် လူသားအချင်းချင်းစာနာလို့ လူကုန်ကူးမှုတိုက်ဖျက်စို့တို့ကိုလည်းကောင်း၊ ကျန်းမာရေးအသိပညာပေးများဖြစ်သည့် လမ်းလျှောက်ခြင်းနှင့်ကျန်းမာရေး၊ သင်ဉာဏ်ကောင်းချင်သလား၊ လွတ်လပ်ပေါ့ပါးစွာ ပြုလုပ်နိုင်သည့် ပညာပေးစာစောင်များ၊ ဆေးနည်းမလိုသော အသက်ရှည်ရုပ်ပျိုဆေး၊ လမ်းလျှောက်ခြင်း၏ အကျိုးအာနိသင်များစသည့်တို့ကို ပြသခဲ့ကြောင်းသိရသည်။

အဆိုပါ အသိပညာပေးနံရံကပ်ဘုတ်များပြသဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ကျောင်းသား/သူများ ကြိုတင်ကာကွယ်ဆောင်ရွက် နိုင်ရေး အသိပေးဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

ကရသူရိ(ပြန်/ဆက်)