မိုင်းနောင် ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများသည် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းအဖြစ် အ.ထ.က ကျောင်းသို့ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များကို ယနေ့ နံနက်(၁၀)နာရီအချိန်က နယ်လှည့်ကွင်းဆင်း ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များလာရောက် ငှားရမ်းနိုင်ခြင်းမရှိသော ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အလွယ်တကူ စာပေ ဖတ်ရှုလေ့လာနိုင်ရန်နှင့် ပြင်ပဗဟုသုတများ ရရှိစေရေး၊ စာအုပ်၊ စာစောင်များ ဖတ်ရှုခြင်းဖြင့် စာပေချစ်မြတ်နိုးသူများ ဖြစ်လာစေရန်ရည်ရွယ်၍ စီစဥ်ဆောင်ရွက်ပေးကြောင်း သိရသည်။
ဌာနဆိုင်ရာရုံးများ၊ ဘုန်းတော်ကြီးကျောင်းများသို့ စာအုပ်၊ စာစောင်များ ပုံမှန်သွားရောက် ငှားရမ်းပေးလျက်ရှိရာ ယခုလအတွင်း အ.ထ.က ကျောင်းသို့ သွားရောက် ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။
မနန်း(မိုင်းနောင်)