မိတ္ထီလာမြို့နယ်တွင် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်တွင် ထိခိုက်မှုကြောင့် လုပ်အားဆုံးရှုံးမှုအတွက် အကျိုးခံစားခွင့် ထုတ်ပေး

မိတ္ထီလာ ဇန်နဝါရီ ၁၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်တွင် ထိခိုက်မှုကြောင့် လုပ်အားဆုံးရှုံးမှုအတွက် အကျိုးခံစားခွင့်ထုတ်ပေးခြင်းကို ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်လူမှုဖူလုံရေးရုံး၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်တွင်ထိခိုက်မှုကြောင့် လုပ်အားဆုံးရှုံးမှုအတွက် အကျိုးခံစားခွင့်ထုတ်ပေးခြင်းကို မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီး တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ထွန်းမှ  မိတ္ထီလာမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသည့် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံမှ အာမခံအလုပ်သမား ဦးနန်းကိုအောင်၏ အလုပ်ခွင်အတွင်း မတော်တဆထိခိုက်မှုကြောင့် အမြဲတမ်းလုပ်အားဆုံးရှုံးမှု ၃၀ ရာခိုင်နှုန်း (၇) နှစ်စာ ငွေလုံးငွေရင်း အကျိုးခံစားခွင့် ငွေကျပ် ၂၅၄၀၁၆၀ ကျပ်ကို ကာယကံရှင်ထံသို့ လက်ဝယ်ပေးအပ်ခဲ့သည်။

အဆိုပါပေးအပ်ပွဲသို့ မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ထွန်းနှင့် မိတ္ထီလာမြို့နယ် လူမှုဖူလုံရေးရုံးမှ ရုံးခွဲတာဝန်ခံ ဒေါ်အိသဉ္ဇာမောင်နှင့်ဝန်ထမ်းများ၊ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံမှ အာမခံအလုပ်သမား ဦးနန်းကိုအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)