ခန္တီးမြို့၌ တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေး စစ်ဆေးခြင်းဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့တွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာတော့မည်ဖြစ်၍ မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပွားစေရေးနှင့် နာဂပွဲတော်ကာလအတွင်း မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး၊ လှေကားများ ဆောင်ရွက်ထားရှိမှုများအား ယမန်နေ့နံနက် (၉) နာရီအချိန်က ဇီးဖြူကုန်းရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။