သံတောင်ကြီးဒေသထွက် တောင်ပေါ်ကွမ်းရွက်ကြမ်းများ ဈေးကောင်းရရှိ

သံတောင်ကြီး ဇန်နဝါရီ ၁၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည် ဥယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ခံပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိသည်။ တောင်ပေါ်ကွမ်းရွက်ကြမ်းများကို နှစ်ရှည်ခံပင်များဖြစ်သည့် ကွမ်းသီးပင်နှင့် သစ်ပင်ကြီးများပေါ်တွင် တောင်ပေါ်ကွမ်းရွက်ကြမ်းများနှင့်တွဲဖက်၍ စိုက်ပျိုးလျက်ရှိပြီး ယခုဆောင်းတွင်းအချိန်တွင် တောင်ပေါ်ကွမ်းရွက်ကြမ်းများဈေး ကောင်းရရှိလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဒေသခံပြည်သူများသည် တောင်ပေါ်ကွမ်းရွက်ကြမ်းများကို တစ်နှစ်လျှင် (၃) ကြိမ်နှုန်းဖြင့် ခူးယူပြီး ယခုဇန်နဝါရီလဒုတိယပတ်မှစ၍ တတိယကြိမ် တောင်ပေါ်ကွမ်းရွက်ကြမ်းများကို စတင်ခူးယူလျက်ရှိသည်။ ယခုဆောင်းတွင်းအချိန်တွင် တောင်ပေါ်ကွမ်းရွက်ကြမ်းများသည် အထွက်နှုန်း နည်းသော်လည်းဈေးကောင်းရရှိ၍ တောင်ပေါ်ကွမ်းကြမ်း (၁၀) ပိဿာလျှင် ကျပ် (၈၀၀၀) မှ ကျပ်   (၂၀၀၀၀)ထိသာ ရရှိကာ ရရှိကြောင်း သိရသည်။                                                     

နော်နော်မူ