မြစ်သားမြို့ မြို့မစျေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့်မီးသတ်​ဆေးဘူး​​ဖြင့် မီးငြှိမ်းသတ်မှုလက်တွေ့သရုပ်ပြသ

မြစ်သား ဇန်နဝါရီ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့မြို့မဈေးတွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်‌သောကြောင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် နိုင်ရန်ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်ကာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေးအသိပညာပေးခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့မွန်လွဲပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  လက်တွေ့သရုပ်ပြသဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးအောင်မင်းကျော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးလောင်မှုအမျိုးအစားများအလိုက် မီးငြှိမ်းသတ်ခြင်းများကို မီးငြှိမ်းသတ်ယာဉ်၊ မီးသတ်ရေသယ်ယာဉ်၊ မီးသတ်ဆေးဘူးများ အသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြခြင်းများ ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးခြင်းနှင့်မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်မှုလက်တွေ့ သရုပ်ပြသရာသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးမင်း‌အောင်၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့အမှုဆောင်အရာရှိ ဦးစိုးအောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးအောင်မင်းကျော်နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဈေးသူ/ဈေးသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)