တန့်ယန်း ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်၌ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ခရိုင်ပညာရေးဌာနမှကြီးမှူး၍ ဥပဒေဆိုင်ရာ အသိပညာသင်တန်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် ခရိုင်ဥပဒေအရာရှိ ဦးစောကဲဒိုနှင့် ခရိုင်ပညာရေးမှူး ဦးကြည်လွင်တို့က ဥပဒေဆိုင်ရာ အသိပညာသင်တန်းသင်တန်းဖွင့်လှစ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားကြပြီး အဆိုပါသင်တန်းအား ၁၀ ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် အခြေခံပညာကျောင်းများမှ တာဝန်ရှိ ဆရာ၊ ဆရာမများ တက်ရောက်ကြကြောင်း ခရိုင်ပညာရေးဌာနမှ သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)