အမရပူရ ဧပြီ ၂၀
အမရပူရမြို့နယ်ရှိ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်မှ ကြီးမှူး၍ အင်္ဂလိပ်စာဌာနမှ ဦးစီပြီး အမရပူရခရိုင်နှင့် မဟာအောင်မြေခရိုင်တို့မှ မူလတန်းပြ ဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း (Main Course) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါရှိတက္ကသိုလ်ရှိ အားကစားခန်းမ-၂ ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များဖြစ်ကြသည့် ဒေါက်တာသွယ်လင်းကို၊ ဒေါက်တာခင်မော်မော်စိုး၊ ဒေါက်တာဦးဝင်းနိုင်၊ အင်္ဂလိပ်စာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာအိအိစိုးမင်းနှင့် သင်တန်းပို့ချပေးမည့် ဆရာ၊ ဆရာမများ၊ အမရပူရခရိုင်နှင့် မဟာအောင်မြေခရိုင်မှ ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။
ဦးစွာ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက အဖွင့်အမှာစကားနှင့် ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် အင်္ဂလိပ်စာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာအိအိစိုးမင်းက သင်တန်းပို့ချရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါ အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်းသို့ အမရပူရခရိုင်မှ သင်တန်းသား ဆရာ၊ ဆရာမ (၅၀)ဦးနှင့် မဟာအောင်မြေခရိုင်မှ သင်တန်းသား ဆရာ၊ ဆရာမ (၅၀)ဦး တက်ရောက်ကြပြီး၊ သင်တန်းကာလမှာ ဧပြီ ၂၀ ရက်နေ့မှ မေ ၂၂ ရက်နေ့ထိဖြစ်ပြီး၊ Module 1: Developing Communicative Skills, Module 2: Communicative Grammar, Module 3: Familiarising Teachers with Materials, Module 4: Classroom Language ဘာသာရပ်များကို ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးသီဟ(အမရ)