လားရှိုးမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ မူလတန်းပြ ဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာ အရည်အသွေးမြှင့်သင်တန်း (Main Course) ဖွင့်ပွဲ အခမ်းအနားကျင်းပ

လားရှိုး ဧပြီ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ မူလတန်းပြ ဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း (Main Course) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းရှိ ငွေရတုခန်းမ၌ ကျင်းပသည်။

ရှေ့ဦးစွာ လားရှိုးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာဌေးလွင်က အမှာစကားပြောကြားပြီး၊ ပြည်နယ်ပညာရေးမှူးရုံး(ရုံးခွဲ) ရှမ်းမြောက် လားရှိုးမှ ညွန်ကြားရေးမှူး ဦးတင့်ဆွေက မူလတန်းပြ ဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း (Main Course) ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းအား သင်တန်းကာလတစ်လတာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်းသားသင်တန်းသူ ဆရာ၊ ဆရာမ စုစုပေါင်း ၁၀၀ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)