ပခုက္ကူတက္ကသိုလ်၌ အခြေခံပညာမူလတန်းပြဆရာဆရာမများအား အင်္ဂလိပ်စာအရည်အ‌သွေး တိုးတက်မှုမြှင့်တင်ရေး သင်တန်းဖွင့်လှစ်

ပခုက္ကူ ဧပြီ ၂၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အဆင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာမူလတန်းပြဆရာဆရာမများအား အင်္ဂလိပ်စာအရည်အသွေး တိုးတက်မှုမြှင့်တင်ရေး (Main Course) သင်တန်းဖွင့်ကို ယနေ့နံနက် ၉ နာရီအချိန်က ပခုက္ကူတက္ကသိုလ်၊ ‌ကျွန်းရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင် ပခုက္ကူမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးက အဖွင့်အမှာစကားပြောကြားပြီး ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များ၊ သင်ကြားပို့ချပေးမည့် ဘာသာရပ်များ၊ သင်တန်းစည်းမျဉ်း စည်းကမ်းများအကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းတွင် ပခုက္ကူတက္ကသိုလ် အင်္ဂလိပ်စာဌာနမှသင်တန်းနည်းပြ ၁၅ ဦးတို့က “Communicative Grammar, Developing Communicative Skills, Familarising Teachers With Materials, Classroom language” စသည့် အင်္ဂလိပ်စာဘာသာရပ်(၄)မျိုးကို  ၂၀၂၆ခုနှစ် ဧပြီလ ၂၀ ရက်မှ မေလ ၂၂ ရက်နေ့အထိ သင်တန်းကာလ(၁)လကြာ စနစ်တကျသင်ကြားပို့ချ ပေးသွားမည်ဖြစ်ပြီး အခြေခံပညာမူလတန်းပြဆရာ ဆရာမ (၁၅၀)ဦး တက်ရောက်သင်ယူကြမည်ဖြစ်ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)