ဖြူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ "မရော်မီ၊ မဝါမီ၊ မသွေ့မီ" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club) အဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာ မြေလတ်မောင်မြင့်သူ ရေးသားသည့် "မရော်မီ၊မဝါမီ၊ မသွေ့မီ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၁၀) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ စာဖတ်ဝိုင်း၌ ဖြူးမြို့နယ် (Book Club) အဖွဲ့ဝင် စာရေးဆရာတမာသင်းခိုင်က "မရော်မီ၊ မဝါမီ၊ မသွေ့မီ" စာအုပ်အား ဦးဆောင်ဆွေးနွေးသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် အသက် (၁၀) နှစ်ပြည့် ပြီးသည့် ကျောင်းသား၊ ကျောင်းသူများအား ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ငပုတောမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်သန်းမြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဆဋ္ဌမအကြိမ်မြောက် မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ (တတိယ) ညကို ယမန်နေ့ ညပိုင်းအချိန်က ပဲခူးမြို့ ရုံးကြီးရပ်ကွက်၊ ဆေးရုံလမ်းနှင့် ပြည်တော်သာလမ်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့ရှိ မြန်မာနှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်မဏ္ဍပ်၌ ကျင်းပပြုလုပ်သည်။

တပ်ကုန်း​မြို့နယ်၌ နွေစပါးစိုက်ပျိုးဧကပြည့်မီရေး စျေးနှုန်းသက်သာ​စွာ စက်သုံးဆီရောင်းချ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတို့ပူးပေါင်း၍ နွေစပါးစိုက်ပျိုးဧကပြည့်မီရေး စက်သုံးဆီများသက်သာသောစျေးနှုန်းဖြင့်ရောင်းချပေးလျက်ရှိရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးချိုဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မြင့်မိုး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးမင်းထွန်းနှင့်ဝန်ထမ်းများ ကြီးကြပ်ကာ ယနေ့ နံနက်ပိုင်းက ကျားသေအိုင်ကျေးရွာအုပ်စု၊ ညောင်လွန့်ကျေးရွာအုပ်စုများရှိ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ(KC) ခန်းမများတွင် စက်သုံးဆီများ ရောင်းချပေးခဲ့သည်။

မှော်ဘီမြို့နယ်၌ မြို့နယ်စာရေးဆရာအသင်း ပြန်လည်ဖွဲ့စည်းခြင်းနှင့် စာပေရေးရာဆွေးနွေးပွဲ ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် စာရေးဆရာအသင်းအားဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီအား ပြန်လည်ရွေးချယ်ပွဲနှင့် စာပေဆိုင်ရာဆွေးနွေးခြင်းကို ယမန်နေ့နံနက်က မှော်ဘီဆရာသိန်း စာကြည့်တိုက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

နိုင်ငံတော်ဘွဲ့တံဆိပ်တော်ရ ကန့်ဘလူမြို့ မြို့ဦးရွာမပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော်အား ဂုဏဝိသိဋ္ဌဂုဏ်ပြပူဇော်ပွဲကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းသော အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ အမှတ် (၃)ရပ်ကွက် မြို့ဦးရွာမပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တတေဇိန္ဒသာရ (နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်)အား တပည့်သံဃာတော်များနှင့် ဒါယကာ၊ ဒါယိကာမအပေါင်းတို့က ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ မင်္ဂလာအခမ်းအနားကို ဧပြီလဒုတိယပတ်က ကျင်းပသည်။

ငပုတောမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန်းမြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

ကျုံပျော်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေးခြင်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် မီးသတ်ဦးစီးဌာနက  ပြည်သူများ မီးပေါ့ဆမှုမရှိစေရန်နှင့် မီး‌လောင်မှု လျှော့နည်းပပျောက်စေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေးခြင်းကို ကျုံပျော်မြို့နယ် အထောင်မြို့၌ ယနေ့နံနက်က ဆောင်ရွက်ခဲ့သည်။

ကန့်ဘလူ၌ သက်ကြီးအဘိုးအဘွားများအား ပူဇော်ကန်တော့

မြန်မာလူမျိုးများသည် မြန်မာနှစ်သစ်ကူးအချိန်ကာလ နှစ်ဆန်းပိုင်းတွင် ပူဇော်ထိုက်သူကို ပူဇော်သည့် မင်္ဂလာတရားတော်နှင့်အညီ အသက်အရွယ်ကြီးသည့် အဘိုးအဘွားများအား ပူဇော်ကန် တော့သည့်အခမ်းအနားကို နိုင်ငံအနှံ့တွင် ရိုးရာထလေ့အဖြစ် ကျင်းပဆောင်ရွက်လျက်ရှိရာ ဧပြီ ၁၇ ရက်နံနက် ၉ နာရီက ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော် သာသနာ့ဗိမာန်တော်၌ အသက် ၈၅ နှစ် နှင့်အထက် အဘိုးအဘွားများအား ပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။
Subscribe to