ဥတ္တရသီရိ ဧပြီ ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် နွေရာသီကာလအတွင်း ကျရောက်လာနိုင်သည့် အပူဒဏ်အန္တရာယ်များမှ အများပြည်သူများကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ အသိပညာပေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ ချင်းရွာဓမ္မာရုံ၌ အပူဒဏ်ကာကွယ်ရေးအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာဝါဝါညွန့်ရွှေနှင့် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ ပြည်သူများအပူဒဏ်အန္တရာယ်ကင်းဝေးစေရန်အတွက် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများနှင့် ဆောင်ရန်၊ ရှောင်ရန်များ၊ အပူဒဏ်အန္တရာယ် ပြင်းထန်စွာခံစားရပါက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်များအတိုင်း စနစ်တကျကုသဆောင်ရွက်ရမည့်အခြေအနေများကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)