‎မဟာအောင်မြေမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်နိုင်စေရန် ကွင်းဆင်းစစ်ဆေး‎

မဟာအောင်မြေ ဧပြီ ၂၀

မန္တ‌လေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်အတွင်းရှိ မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း 191 report application အသုံးပြုခြင်း၊ ရှင်းပြပေးခြင်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်‌ဆေး ဆောင်ရွက်သည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးညွှန့်ဝင်းအောင် ဦးဆောင်၍ သန္ဓေ(၅) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၅)ဦး၊ ပေါင်း (၂၀)ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများပူးပေါင်း၍ မြို့နယ်အတွင်း မီးလန့်မှု၊ မီးလောင့်မှုများ မဖြစ်ပွားစေရေးအတွက် စိန်ပန်းရပ်ကွက်အတွင်း မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် 191 Report application ကို ပြည်သူများ အသုံးပြုရေး ကွင်းဆင်းထည့်သွင်းပေးခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို  ကွင်းဆင်း‌စစ်ဆေးဆောင်ရွက်ခဲ့သည်။

အောင်ဇော်မင်း