ပခုက္ကူမြို့၌ ဗလငါးတန်ပြည့်စုံကြွယ်ဝ‌ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ပခုက္ကူမြို့၌ ဗလငါးတန်ပြည့်စုံကြွယ်ဝ‌ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ ပခုက္ကူ ဖေဖော်ဝါရီ ၁၇ ခရိုင်(ပြန်/ဆက်)

ကျိုင်းတုံမြို့၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေ‌ပေးအပ်ပွဲအခမ်းအနားကို ယနေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

နမ့်စန်မြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းအခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ်စန်ခရိုင်၊ နမ့်စန်မြို့နယ်ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နေ့လယ် ၂ နာရီက ဆောင်ရွက်ခဲ့သည်။

ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် KG ကျောင်းသား၊ ကျောင်းသူများအား (စတုတ္ထအကြိမ်)ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရ(စတုတ္ထအကြိမ်)ကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကလောခရိုင်အတွင်းသို့ မြို့နယ်များမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ပေးအပ်သော ထောက်ပံ့ငွေများ ပေးအပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်အတွင်းသို့ မြို့နယ်များမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ပေးအပ်သော ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ကလောမြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒေးဒရဲမြို့နယ်၌ ကျေးရွာများအရောက် မြေပြင်လူဦးရေစာရင်း စိစစ်ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ် မြေပြင်လူဦးရေစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှ မြို့နယ်အတွင်းရှိ လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်း စာရင်းစိစစ်မှုများအား တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ဆောက်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက သံဒင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများအား မြို့နယ်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဝင်းအတွင်း လက်တွေ့မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ပူးပေါင်း၍ ရာသီဥတုပြောင်းလဲမှု၊ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေးနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားအား ယနေ့နံနက် ၁၀ နာရီအချိန်က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(ညောင်ဦးအိတ်ချိန်း) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် တနိုင်းခရိုင်အတွင်း ‌ဒေသဝမ်းစာ ဆန်ဖူလုံရေးနှင့် စားဆီဖူလုံရေးအတွက် သီးထပ်စိုက်ပျိုးမှု တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာများ၊ ဒေသခံများနှင့်တွေ့ဆုံ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ ဟူးကောင်းဒေသအတွင်း ဒေသဝမ်းစာ ဆန်ဖူလုံရေးနှင့် ဒေသတွင်း စားဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ သီးထပ်စိုက်စွမ်းအား တိုးတက်မြင့်မားလာစေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲ ၁ နာရီက တနိုင်းခရိုင်၊ တနိုင်းမြို့သို့ လေကြောင်းခရီးဖြင့် သွားရောက်ခဲ့ကြသည်။

ကျေးသီးမြို့၌ ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုများအတွက် ထောက်ပံ့ငွေများ ပေးအပ်

ယာယီနေရပ်စွန့်ခွာနေကြရသည့် နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုများ၊ ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ထောက်ပံ့ငွေများကို မှန်မှန်ကန်ကန်ဖြစ်စေရေး၊ အလေအလွင့်မဖြစ်စေရေး၊ ရသင့်ရထိုက်သူများ ရရှိစေရေးတို့အတွက် ကျေးသီးမြို့၊ အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၁၁)နာရီက အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများ၊ နိုင်ငံဝန်ထမ်းများနှင့် မိသားစုများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင် ပြပွဲပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  (Community Centre)တွင်  ယနေ့နံနက် ၉ နာရီအချိန်က ကျောင်းသား/သူများနှင့် အများပြည်သူများ လေ့လာသိရှိနိုင်ရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးစာစောင်များကို ကပ်ထားကာ ပြသထားလျက်ရှိကြောင်းသိရသည်။
Subscribe to