ရန်ကင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများသို့ မီးဘေးလုံခြုံရေးစစ်ဆေး

ရန်ကင်း ဖေဖော်ဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများသို့ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်မီးသတ်ဦးစီးမှူးဦးထိန်လင်းဦးဆောင်၍ စစ်ဆေးဆောင်ရွက်ခဲ့သည်။

အဆိုပါမီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ရာတွင် ရန်ကင်းမြို့နယ်အမှတ်(၂)ရပ်ကွက် ရန်ကင်းလမ်းရှိ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံး မီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူးဦးထိန်လင်းဦးဆောင်သည့်အဖွဲ့ဖြင့် စစ်ဆေးရာ မြို့နယ်လဝကဦးစီးမှူးဦးဇော်ဝင်းအောင်မှ မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုများ လိုက်လံရှင်းလင်းပြသပြီး မြို့နယ်မီးသတ်ဦးစီးမှူးမှ ထပ်မံဖြည့်ဆည်းဆောင်ရွက်ရမည့် မီးဘေးလုံခြုံရေးလုပ်ငန်းများ အကြံပြုခဲ့ပါကြောင်းသိရသည်။

လှလှထွေး(ပြန်/ဆက်)