ပေါင်းတည် ဖေဖော်ဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မြို့နယ်စိုက်ပျိုးမွေးမြူမှုကြီးကြပ်ရေးကော်မတီက ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းသီးနှံများ ပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်ထွက်ရှိရေးအတွက် TBL-9 မတ်ပဲ စံပြကွက်အား စံကွက်ရိတ်သိမ်းခြင်းကို ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်းက လက်ပံပါးပျဉ်းကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုစံကွက်ရိတ်သိမ်းခြင်းကို မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်မျိုးမင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးမွေးမြူမှုကြီးကြပ်ရေးကော်မတီဝင်များက ကြို့ပင်သာအုပ်စု ဦးပိုင်အမှတ်(၈/၁)၊ ကွင်းအမှတ်(၁၁၃၄ A)ရှိ တောင်သူဦးအေးကျော်၏ မတ်ပဲစိုက်ခင်း၌ ပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်ထွက်ရှိရေးအတွက် စိုက်ပျိုးထားသည့် TBL-9 မတ်ပဲစိုက်ခင်းအား တောင်သူများနှင့်ပူးပေါင်း၍ စံကွက်ရိတ်သိမ်းခဲ့ကြရာ တစ်ဧကအထွက်နှုန်း(၃၂.၅၀) တင်း ထွက်ရှိခဲ့ကြောင်းသိရသည်။
ယခုနှစ်တွင် ပေါင်းတည်မြို့နယ်၌ ဆောင်းသီးနှံ TBL-9 မတ်ပဲစိုက်ပျိုးထားရှိမှုမှာ ၂၇၈၀၀ ဧက ရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာမှ သိရသည်။
ရွှေသား(IPRD)