ကြံခင်း ဖေဖော်ဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့မစည်ပင်သာယာရေးစျေးကြီးအတွင်း စားအုန်းဆီရောင်းချလျက်ရှိသည့် ဆိုင်များအား ယနေ့နံနက်ပိုင်းက စုပေါင်းအဖွဲ့တို့မှ ရှောင်တခင်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
အဆိုပါပူးပေါင်းအဖွဲ့တွင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်စစ်ဆေးရေးအရာရှိ ဦးကျော်နိုင်ဝင်း၊ မြို့မစခန်းမှူး ဒုရဲမှူးလှခိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ စျေးတာဝန်ခံ ဦးတင်မောင်ဝင်းနှင့် ရပ်/ကျေး စာရေးတို့က စားအုံးဆီရောင်းချသည့် ဈေးဆိုင်များအား သတ်မှတ်ထားသည့်စျေးနှုန်းဖြင့် မှန်ကန်စွာရောင်းချမှု ရှိ၊ မရှိ နှင့်စနစ်တကျ တစ်နေ့ချင်းစာရင်းများ ရေးသွင်းထားမှု ရှိ၊ မရှိတို့အား ပူးပေါင်းအဖွဲ့မှ လိုက်လံစစ်ဆေးဆောင်ရွက်ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)