ပလောက် ဖေဖော်ဝါရီ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင်းရှိ အသက် (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် (၈) နာရီခွဲအချိန်က ပလောက်မြို့ တိုက်နယ်ကျန်းမာရေးဌာနတွင် ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို မွေးကင်းစမှ အသက် (၂) နှစ်အောက် ကလေးငယ်များအား ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုး၊ ဂျပန်ဦးနှောက်၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှော (ရိုတာ)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ) စသည့် ကာကွယ်ဆေးများကို ကျန်းမာရေးဆရာမ ဒေါ်အိအိလွင်နှင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
နှင်းမြူလွင်(ပလောက်)