ဆီဆိုင်မြို့နယ်၌ နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးမည်

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးပြီး ပညာရေးဌာနတို့ ပူးပေါင်း၍ နွေရာသီအားကစားသင်တန်းများကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ စတင်၍ မြို့နယ်ရှိ အားကစားကွင်း၊ ခန်းမ၊ အ.ထ.ကကျောင်းနှင့် ကျေးရွာအားကစားကွင်းများတွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မုံရွာမြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံ/ဘဏ်များ၊ ကိုယ်ပိုင်ကျောင်းများ၊ လူမူရေးအသင်းအဖွဲ့များနှင့် ဘိုးဘွားရိပ်သာ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မုံရွာမြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံ/ဘဏ်များ၊ ကိုယ်ပိုင်ကျောင်းများ၊ လူမူရေးအသင်းအဖွဲ့များနှင့် ဘိုးဘွားရိပ်သာ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၈ ရက်၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ တွေ့ဆုံပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် မုံရွာမြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံ/ဘဏ်များ၊ ကိုယ်ပိုင်ကျောင်းများ၊ လူမူရေးအသင်းအဖွဲ့များနှင့် ဘိုးဘွားရိပ်များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဒေးဒရဲမြို့နယ်၌ လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရေးရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ၊ အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် (၁၀) နာရီက သုံးဒါတ်ကျေးရွာအုပ်စု၊ တံတားချောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ ၁၈ ရက်နေ့ နံနက်ပိုင်းက အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ အမူအကျင့်ပြောင်းလဲရေး အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ ၁၈ ရက်နေ့ နံနက်ပိုင်းက အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ အမူအကျင့်ပြောင်းလဲရေး အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ဘိုကလေးမြို့နယ်တွင် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြော၍ဇာတ်တိုက်လေ့ကျင့်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့နေ့လယ် (၁) နာရီခွဲ အချိန်၌ မြို့နယ်မီးသတ် တပ်ဖွဲ့က မီးဘေးလုံခြုံရေးအတွက် အသိပညာပေးဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်း၊ ဇာတ်တိုက်လေ့ကျင့်မှုနှင့်အတူ သရုပ်ပြဆောင်ရွက်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့သည်။
Subscribe to