ဟိုပုံးမြို့နယ်တွင် ပြန်ကြားရေးဝန်ကြီးဌာနမှပေးအပ်သော DTH စလောင်းများနှင့် အပ် Set Top Box များခွဲဝေပေးအပ်

ဟိုပုံး ဖေဖော်ဝါရီ ၁၈

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ပေးအပ်သော DTH စလောင်းများနှင့် Set Top Box များခွဲဝေပေးအပ်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပေးအပ်ရာတွင် ဌာနဆိုင်ရာရုံးများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ပရဟိတကျောင်းများနှင့် စာကြည့်တိုက်များသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ ပေးအပ်သော DTH စလောင်း (၃) စုံနှင့် Set Top Box (၂၂) လုံး တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အတွင်းရေးမှူး ရဲမှူးဌေးအောင်တို့က သက်ဆိုင်ရာတာဝန်ရှိသူများ လက်ဝယ်သို့ ခွဲဝေပေးအပ်ခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ (ပြန်/ဆက်)