ကျိုက်လတ် ဖေဖော်ဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သရုပ်ပြလေ့ကျင့်ခြင်းများကို ယနေ့နံနက်(၉)နာရီက Wilmar Myanmar Riceland Kyaiklat Limited ပေါင်းဆန်စက်ရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်လင်းက မီးသတ်ဆေးဘူး အသုံးပြုပုံအား ရှင်းလင်းပြောကြားခဲ့ပြီး စက်ရုံဝန်ထမ်းများအားလက်တွေ့ မီးငြိမ်းသတ်ခြင်းများ ဆောင်ရွက်ခဲ့သည်။ ထို့နောက် ရှာဖွေကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင်များမှ ဒဏ်ရာရရှိနေသော လူနာအားကယ်တင်ပုံ၊ ကယ်တင်နည်းများကို လက်တွေ့သရုပ်ပြသပေးခဲ့ကြသည်။ အဆိုပါသရုပ်ပြပွဲသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်လင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းများ၊ Wilmar Myanmar Riceland Kyaiklat Limited ပေါင်းဆန်စက်ရုံမှ ဝန်ထမ်းများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်