ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ချီးမြှင့်‌ငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ချီးမြှင့်ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ကန်ကြီးထောင့်မြို့နယ်ရှိ တောင်သူလယ်သမားနေ့ အခမ်းအနား ကျင်းပပြုလုပ်ရန် ပြင်ဆင်နေမှု အခြေအနေများအား လာရောက်ကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ကန်ကြီးထောင့် မြို့နယ်၊ ဝါးဒူးကျေးရွာရှိ တောင်သူလယ်သမားနေ့ အခမ်းအနား ကျင်းပပြုလုပ်ရန် ကြိုတင်ပြင်ဆင်နေမှု အခြေအနေများအား ယနေ့နံနက် (၁၀) နာရီအချိန်က လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ပြည်သူ့စစ်မှုထမ်းခေါ်ယူရေးတွင် ထူးချွန်စွာဆောင်ရွက်ခဲ့သည့် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ပြည်သူ့စစ်မှုထမ်းခေါ်ယူရေးတွင် ထူးချွန်စွာဆောင်ရွက်ခဲ့သည့် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ဂုဏ်ပြုဆုချီး မြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

တိုက်ကြီးမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းစီ ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး  တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်၌ ယာယီနေရပ်စွန့်ခွာ ရောက်ရှိလာသူပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တစ်ဦးလျှင် ငွေကျပ် (၂၀၀၀၀)နှုန်းစီ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက တိုက်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငွေဆောင်မြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၁၀) နာရီကငွေဆောင်မြို့၊ အမှတ်(၄)ရပ်ကွက်၊ ရှောက်ချောင်းကျေးရွာ၊ သုခိတာရုံကျောင်းတိုက် ဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း လောကာနန္ဒာ စေတီတော်မြတ်ကြီးပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းနှင့်ပတ်သက်၍ ဆရာတော်ကြီးများအား ရှင်းလင်းလျှောက်ထားခြင်းနှင့် ရင်ပြင်တော် နေပူခံကျောက်ပြားခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေး

စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီးပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းနှင့်ပတ်သက်၍ ဆရာတော်ကြီးများအား ရှင်းလင်းလျှောက်ထားခြင်းကို ယနေ့နံနက်ပိုင်းက လောကာနန္ဒာစေတီတော် လိုဏ်ဂူတော်အတွင်း၌ ကျင်းပရာ သံဃာတော်အရှင်သူမြတ်များ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

အကြမ်းဖက်ဖြစ်စဉ်များကြောင့် တာမွေမြို့နယ်သို့ ယာယီနေရပ်စွန့်ခွာရောက်ရှိနေသည့် ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကျင်းပ

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ၍ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်သို့ ရောက်ရှိနေသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှပေးအပ်သော ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနား တက်ရောက်

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂)နာရီတွင် နေပြည်တော်ရှိ Naypyitaw State Polytechnic University ကျောင်းခန်းမ၌ ကျင်းပသည်။

ကျိုက်လတ်မြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့်  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန် ယနေ့နံနက်ပိုင်းက မြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်၌ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအား တစ်ဦးလျှင် ငွေကျပ် (၂၀၀၀၀)နှုန်းစီ ဆက်လက်ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းသို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ရောက်ရှိလာသူ ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တစ်ဦးလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းစီ ပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက  အမှတ်(၁၄)ရပ်ကွက်  သုံးထပ်ဆောင်သာသနာ့ဗိမာန်တော်ကြီး၌  ဆက်လက်ပေးအပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to