ကျိုက်လတ်မြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေး

ကျိုက်လတ် ဖေဖော်ဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့်  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန် ယနေ့နံနက်ပိုင်းက မြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။

အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်လင်းဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များက မြို့မစျေးကြီးအတွင်း မီးလောင်ကျွမ်းမှု ဖြစ်စေတတ်သော လောင်စာဆီများနှင့် လောင်စာများ သိုလှောင်ထားခြင်းမပြုရန်၊ ဈေးဆိုင်ခန်းများတွင် တပ်ဆင်အသုံးပြုလျက်ရှိသော လျှပ်စစ်ဝါယာကြိုးများ ကောင်းမွန်ခြင်း ရှိ/မရှိ အခါအားလျော်စွာ စစ်ဆေးအသုံးပြုရန်၊ မီးလောင်မှု/ မီးလန့်မှုများ ဖြစ်ပေါ်ပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ အကူအညီတောင်းခံကြရန် စသည့် မီးဘေးအန္တရာယ် သတိပြုလိုက်နာရမည့် အချက်များကို ဈေးသူ၊ ဈေးသားပြည်သူအများ သိရှိစေရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)