ကံမမြို့ ရေပေးရေး သောက်သုံးရေကန်အား ဆေးကြောသန့်စင်ခြင်းလုပ်ငန်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က၏ ဦးဆောင်မှုဖြင့် မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများအား ရေဖြန့်ဝေသည့် မြို့နယ်စည်ပင်သာဘာရေးအဖွဲ့ ရေပေးရေးလုပ်ငန်း ရေဂါလံ(၆၂၀၀၀)ဆန့် သောက်သုံးရေကန်အား ဆေးကြောသန့်စင်ခြင်းကို ယနေ့နံနက် (၈)နာရီက ဆောင်ရွက်ခဲ့ကြသည်။

ဂန့်ဂေါမြို့၌ တက္ကသိုလ်ဝင်တန်းစာစစ်ဌာနဆောင်ရွက်မည့် အခြေခံပညာအထက်တန်းကျောင်း(ဂန့်ဂေါ)အား မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာနအဖြစ်အသုံးပြုမည့် ကျောတိုက်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ဂန့်ဂေါ) စာသင်ကျောင်းအား မီးဘေးလုံခြုံရေးအတွက်စစ်ဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးမြင့်ဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်ရဲနိုင်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးရုံးမှတာဝန်ရှိသူများ၊ မြို့နယ်လျှပ်စစ်ရုံးမှဝန်ထမ်းများက ယမန်နေ့နံနက် ၁၁ နာရီက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ပုဇွန်တောင်မြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းနှုန်း ပေးအပ်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ တစ်ဦးလျှင် ငွေကျပ် နှစ်သောင်းနှုန်း ပေးအပ်ပွဲကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၁)ရပ်ကွက်၊ (၅၁)လမ်းရှိ ဆိုရှယ်ကလပ်ခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့နယ်အတွင်းသို့ ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် (ပထမ)အကြိမ် ပေးအပ်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊‌ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်းရှိ အိမ်တော်ရာစေတီဝင်းအတွင်း ဓမ္မာရုံ၌ ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာ၍ ဒဂုံမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် ပြည်သူများအား တစ်ဦးလျှင်ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် (ပထမ)အကြိမ် ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် (၁၂) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အလုံမြို့နယ်၌ အာဟာရဖွံ့ဖြိုး‌ရေးလုပ်ငန်း​များကွင်းဆင်းဆောင်ရွက်

အလုံမြို့နယ်၌ အာဟာရဖွံ့ဖြိုး‌ရေး လုပ်ငန်း​များကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မွန်းလွဲပိုင်း (၂)နာရီက ​စောရန်ပိုင်အနောက်ရပ်ကွက်ရှိ ဧဒင်ဝင်းသို့ ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့သည်။

ရွှေပြည်သာမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းစီ ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊‌ ရွှေပြည်သာမြို့နယ်အတွင်းသို့ ယာယီနေရပ်စွန့်ခွာရောက်ရှိလာသူ ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တစ်ဦးလျှင် ငွေကျပ် (၂၀၀၀၀/) နှုန်းစီပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက ရွှေပြည်သာမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရွှေပြည်ရတနာ၌ ကျင်းပဆောင်ရွက်သည်။

ကော့မှူးတွင် မြန်မာ့ရိုးရာသနပ်ခါးအကြောင်း အသိပညာပေး Talk Show ကျင်းပ

ကော့မှူးတွင် မြန်မာ့ရိုးရာသနပ်ခါးအကြောင်းအသိပညာပေး Talk Show ကျင်းပ ကော့မှူး ဖေဖော်ဝါရီ ၂၂ ကျော်သူရ (ကော့မှူး)

ကြို့ပင်ကောက်မြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း VDP လုပ်ငန်းများ ပြီးစီးပြီဖြစ်၍ စီမံကိန်းကျေးရွာများတွင် စီမံကိန်းချပြရှင်လင်းခြင်းလုပ်ငန်းများ ဆောင်ရွက်

ကြို့ပင်ကောက်မြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း VDP လုပ်ငန်းများ ပြီးစီးပြီဖြစ်၍ စီမံကိန်းကျေးရွာများတွင် စီမံကိန်းချပြရှင်လင်းခြင်းလုပ်ငန်းများ ဆောင်ရွက် ကြို့ပင်ကောက် ဖေဖော်ဝါရီ ၂၀ ဇေယျာထွန်း( ကြို့ပင်ကောက်)

လေထုအတွင်းရှိအမှုန်အမွှားများ၏အန္တရာယ် အသိပညာပေး Talk Show ကျင်းပ

လေထုအတွင်းရှိအမှုန်အမွှားများ၏အန္တရာယ် အသိပညာပေး Talk Show ကျင်းပ ညောင်ဦး ဖေဖော်ဝါရီ ၂၂ ခရိုင်
Subscribe to