ဘိုကလေးမြို့နယ်တွင် ကျေးရွာချင်းဆက် ကွန်ကရစ်ကျောက်ချောလမ်းသစ်ဖွင့်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကျုံစလူငြုပ်ကောင်းကျေးရွာအုပ်စုတွင် ယနေ့နံနက် (၉) နာရီအချိန်၌ ဆင်သေကွေ့-လေးအိမ်တန်း ကျေးရွာချင်းဆက် ကွန်ကရစ်ကျောက်ချောလမ်းသစ်ဖွင့်ပွဲ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တော်အား Smart city ဖြစ်စေရေး ဆောင်ရွက်အကောင်အထည်ဖော်မည့် Port Sharing System အား ရှင်းလင်းတင်ပြခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်မြို့တော်အား Smart city ဖြစ်စေရေးအတွက် ဆောင်ရွက်အကောင်အထည်ဖော်မည့် Port Sharing System အား ရှင်းလင်းတင်ပြခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ရန်ကင်းမြို့နယ်၊ မိုးကောင်းလမ်းရှိ မြဝတီမီဒီယာစင်တာ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် Eager Communication Group Co.,Ltd မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

မြို့သစ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ နှစ်ဆုံးတတ်မြောက်မှုစစ်​ဆေးခြင်း စာမေးပွဲ ဆက်လက်ဖြေဆို

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသား/ကျောင်းသူများ၏ နှစ်ဆုံးတတ်မြောက်မှု စာမေးပွဲကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က စတင်၍ ဖြေဆိုရာ ယနေ့တွင် တတိယမြောက်နေ့အဖြစ် ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကမာရွတ်မြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယနေ့နေ့လယ်ပိုင်းက မြို့နယ်အ‌ထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ကမာရွတ် မြို့နယ်အတွင်းသို့ ပြောင်းရွေ့ရောက်ရှိလာသည့် နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ထောက်ပံ့ငွေချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ရတနာပုံတက္ကသိုလ် (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အားပေး

၂၀၂၅ ခုနှစ်ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ကျရောက်သည့် ရတနာပုံတက္ကသိုလ်၏ (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရတနာပုံတက္ကသိုလ်တွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ရတနာပုံတက္ကသိုလ်ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ စီမံဝန်ထမ်းများ၊ တက္ကသိုလ်များမှပါမောက္ခချုပ်များ၊ သုတေသနစာတမ်းရှင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား ၆၀၀၀ ဦးကျော် တက်ရောက်ကြသည်။

မြစ်သားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ (မြစ်သား-စံပါယ်တောလမ်း) ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (မြစ်သား-စံပါယ်တောလမ်း)ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ယမန်နေ့မနက်ပိုင်းတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ယာယီနေရပ်စွန့်ခွာရောက်ရှိလာသည့် ပြည်သူများအား တစ်ဦးလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းစီ ပေးအပ်နေသည်များကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ကြည့်ရှုအားပေး

ယာယီနေရပ်စွန့်ခွာ၍ ရန်တိုင်းဒေသကြီးရှိ လှိုင်မြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်များတွင် ရောက်ရှိနေသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ပေးအပ်သည့် တစ်ဦးလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းစီ ပေးအပ်နေသည်များကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများက သွားရောက်ကြည့်ရှုအားပေးသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် Astra Group PJSC မှ ကိုယ်စားလှယ်အဖွဲ့  Naypyitaw State Polytechnic University တွင် တာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ Naypyitaw State Polytechnic University တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Astra Group PJSC နည်းပညာကုမ္ပဏီမှ ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့ပေါ်ရှိ ဆေးဆိုင်များတွင် စံမညီဆေးဝါးများရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသော ဆေးဝါးများ အသုံးပြုနိုင်ရန် ယနေ့နံနက် ၇ နာရီခွဲ အချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း  ဆေးဆိုင်များတွင် စံမညီဆေးဝါးများ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအဆင့် (ကျောင်းတွင်းစစ်)နှစ်ဆုံးစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ ဖြေဆို

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအဆင့် (ကျောင်းတွင်းစစ်) နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူပေါင်း ၂၆၀၀၀ ကျော်က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
Subscribe to