ဟိုပုံးမြို့နယ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (ပေါင်လင်း) ၌ မီးဘေးလုံ ခြုံရေးစစ်ဆေးဆောင်ရွက်

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် အခြေခံပညာ စာသင်ကျောင်းများ မီးဘေးအန္တရာယ်ကင်ရှင်းစေရေး ရည်ရွယ်၍ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (ပေါင်လင်း)၌ ဆောင်ရွက်သည်။

ရန်ကင်းမြို့နယ်၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀/-နှုန်းစီ ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းသို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာရောက်ရှိလာသူ ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေဖြင့်  တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀/- နှုန်းစီ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ  ၁ နာရီက ရန်ကင်းမြို့နယ် မိုးကောင်းသာသနာ့ဗိမာန်၌ ပြုလုပ်ခဲ့သည်။

တန့်ယန်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းများနှင့် အိမ်အမှတ်စဉ်များ မှန်ကန်စေရေး ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ၌ အိမ်ထောင်စုလူဦးရေစာရင်းများနှင့် အိမ်အမှတ်စဉ်များ မှန်ကန်စေရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၂)ရပ်ကွက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဟိုပုံးမြို့နယ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (ပေါင်လင်း) ၌ မီးဘေးလုံ ခြုံရေးစစ်ဆေးဆောင်ရွက်

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် အခြေခံပညာ စာသင်ကျောင်းများ မီးဘေးအန္တရာယ်ကင်ရှင်းစေရေး ရည်ရွယ်၍ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (ပေါင်လင်း)၌ ဆောင်ရွက်သည်။

ဂန့်ဂေါမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင် ကျပ် (၂၀၀၀၀/-)နှုန်းစီ ပေးအပ်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာလာသူ ပြည်သူများအား အမျိုးသားသယာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တစ်ဦးလျှင် ငွေကျပ် (၂၀၀၀၀/-)နှုန်းစီ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနား တက်ရောက်

စစ်တွေမြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ချီးမြှင့်ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

တောင်ဥက္ကလာပမြို့နယ်သို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ‌နေရသည့် ပြည်သူများအား တစ်ဦးလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းစီပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်သို့  အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ပြောင်းရွှေ့ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံ‌ငွေဖြင့် တစ်ဦးလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းစီပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁၄)ရပ်ကွက်၊ သစ္စာလမ်း၊ သုံးထပ်ဆောင်သာသနာ့ဗိမာန်‌တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

ကော့မှူးတွင်အကြမ်းဖက်ဖြစ်စဉ်ကြောင့်ယာယီနေရပ်စွန့်ခွာသူများအားထောက်ပံ့ငွေပေးအပ်

အကြမ်းဖက်ဖြစ်စဉ်ကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအားထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်ကော့မှူးမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် နောင်နန်းကျေးရွာအုပ်စုအတွင်းရှိ ရိုးပြတ်ကျန်လယ်များအတွင်း ကုန်ထုတ်လမ်းများ ဖောက်လုပ်၍ လယ်သီးထပ် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း စားဆီဖူလုံမှုရှိစေရေးအတွက် မိုးစပါးရိတ်သိမ်းပြီး ရိုးပြတ်ကျန်လယ်များအတွင်း သီးထပ်စိုက်စွမ်းအား တိုးမြှင့်လာစေရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး စီမံချက်များ ရေးဆွဲဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့နယ် နောင်နန်းကျေးရွာအုပ်စုအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ယာယီနေရပ်စွန့်ခွာနေရသူများအား တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းစီပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌  အကြမ်းဖက်ဖြစ်စဉ်များကြောင့် မြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းစီပေးအပ်ခြင်းကို  ယမန်နေ့နံနက် ၁ဝ နာရီ အချိန်  ဗိုလ်မင်းရောင်လမ်းနှင့် ၁၁၂ လမ်းထောင့်မင်္ဂလာတောင်ညွန့်ရပ်ကွက် ဓမ္မာရုံတွင်လည်းကောင်း ၁၄ နာရီအချိန်တွင် သမိန်ဗရမ်းလမ်းနှင့်(၆) လမ်းထောင့် ပုသိမ်ညွန့်ရပ်ကွက် သဒ္ဓမ္မဗျုဟာ ဓမ္မာရုံတွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to