စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် အခြေခံ/အဆင့်မြှင့် စက်ချုပ်သင်တန်း အမှတ်စဉ် (၇/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံ/အဆင့်မြှင့် စက်ချုပ်သင်တန်း အမှတ်စဉ် (၇/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။

တွံတေးမြို့နယ် ငါးလုပ်ငန်းနှင့်ရေသတ္တဝါမွေးမြူးရေး ဒီပလိုမာသင်တန်းကျောင်းတွင် မူးယစ် ဆေးဝါး၊လူကုန်တား၊ ယာဥ်စည်းကမ်းလမ်းစည်းကမ်းမှုခင်း ပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် မင်းပိုင်းရပ်ကွက်၊ မြဂိုးကျေးရွာတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ငါးလုပ်ငန်းနှင့်ရေသတ္တဝါမွေးမြူးရေးဒီပလိုမာသင်တန်းကျောင်းတွင် မူးယစ်ဆေးဝါး၊လူကုန်တား၊ ယာဥ်စည်းကမ်းလမ်းစည်းကမ်းမှုခင်းပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါသင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဟောင်းသမိုင်းဝင်ကျိုက်မှော်ဝန်း ရေလယ်စေတီတော်မြတ်ကြီး၏ ယာဉ်ရပ်နားကွင်း အမှတ်(၁) တည်ဆောက်ရန် ပန္နက်တော်တင်မင်္ဂလာအခမ်းအနား၊ မုခ်ဦးတည်ဆောက်ရေးနှင့် မဟာရန်တံတိုင်းကာရံခြင်းအတွက်အလှူငွေပေးအပ်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်း မြို့နယ်တွင် ရှေးဟောင်းသမိုင်း ဝင်ကျိုက်မှော်ဝန်း ရေလယ်စေတီတော်မြတ်ကြီး၏ ယာဉ်ရပ်နားကွင်း အမှတ်(၁) တည်ဆောက်ရန် ပန္နက်တော်တင်မင်္ဂလာအခမ်းအနား၊ မုခ်ဦးတည်ဆောက်ရေးနှင့် မဟာရန်တံတိုင်း ကာရံခြင်းအတွက်အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၇နာရီက ကျိုက်မှော်ဝန်း ရေလယ်စေတီတော် မြို့ဘက်ကမ်းတွင် ကျင်းပခဲ့ကြသည်။

မှော်ဘီမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းနှုန်း ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အတွင်းသို့ ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအား တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းနှုန်း ပေးအပ်ပွဲကို ယနေ့ (၂၁)ရက်နေ့တွင် အမှတ်(၂)ရပ်ကွက်၊ ဓမ္မာရုံကျောင်းကြီး၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့ ပညာရေးဒီဂရီကောလိပ်ကျောင်းတွင် ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

နိုင်ငံသားတိုင်းအနေဖြင့် ဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်ရန်အတွက် ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်ပညာရေးဒီဂရီကောလိပ် ပညာညီလာခန်းမ၌ သင်တန်းသား၊ သင်တန်းသူများအား ဥပဒေအသိပညာရရှိစေရန် ဥပဒေဘာသာရပ်ကို သင်ကြားပို့ချခဲ့သည်။

မြစ်သားမြို့နယ်တွင် ရေဆင်း (၁၄) ကုလားပဲမျိုးစိုက်ခင်းများအာင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်တောင် သူများအနေဖြင့်ဒေသနှင့်ကို က်ညီသည့်ဆောင်းကုလား ပဲမျိုးများစိုက်ပျိုးကြရာ ငါးဆူကျေးရွာအုပ်စု၊ ရွှေကြာအင်းကျေးရွာတွင် ဒီဇင်ဘာလမှ စိုက်ပျိုးထားသည့် တောင်သူ ဦးဝင်းမြင့်၏ ရေဆင်း (၁၄) ကုလားပဲမျိုးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်းသိရသည်။

မော်လိုက်မြို့၌ မီးဘေးအန္တရာယ်သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာတို့ပူးပေါင်း၍ မီးဘေးအန္တရာယ် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ဖေဖော်ဝါရီလ ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးရဲမင်းဇော်တို့က လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဝါးခယ်မမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံ (နေကြာ)စံပြစိုက်ခင်းများ ကြည့်ရှုစစ်ဆေး၊ ရန်ကုန်-ပုသိမ်ကားလမ်း ၈၈/၃ မိုင်မှ ၈၉/၄ မိုင်အတွင်း ဝဲယာမြောင်း တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်း ဒုတိယသီးနှံအဖြစ် စိုက်ပျိုးထားရှိသည့် ဆီထွက်သီးနှံ (နေကြာ)စံပြစိုက်ခင်းများ ကြည့်ရှုစစ်ဆေးခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာနေရသူများအား ထောက်ပံ့ငွေပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ အကြမ်းဖက်ဖြစ်စဉ် များကြောင့်မြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်း အဝေးခန်းမ တွင်ကျင်းပပြုလုပ်ခဲ့သည်။

ဖောင်းပြင်မြို့၌ မြန်ဆန်ထိရောက်စွာ မီးငြိမ်းသတ်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ မီးသတ်ဦးစီးဌာနအနေဖြင့် မီးလောင်မှုဖြစ်ပွားပါက ထိရောက်မြန်ဆန်စွာ မီးငြိမ်းသတ်နိုင်ရေးအတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းကို ကျွန်းရွှေဝါရပ်ကွက်၌ ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်သည်။
Subscribe to