စစ်ကိုင်းမြို့တွင် မွေးမိခင်နှင့် ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရပစ္စည်းများပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူး၍ စစ်ကိုင်းမြို့ရှိ မွေးမိခင်နှင့် ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီက စစ်ကိုင်းမြို့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး သားဖွားခန်းမဆောင်တွင် ပေးအပ်ခဲ့သည်။

ပေါက်ခေါင်းမြို့နယ်တွင် နိုင်ငံ့တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏လမ်းညွှန်မှု၊ ပေါက်ခေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာ‌ရေးဦးစီးဌာနတို့ဦးဆောင်ပြီး ပြည်သူ့ဆေးရုံတွင် ယမန်နေ့နံနက်ပိုင်းက နိုင်ငံတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် ရွှေတောင်(၁၀) ဝါမျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးဖော်ထုတ်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့် ဝါသီးနှံများပိုမိုတိုးချဲ့ စိုက်ပျိုးစေရေး၊ ဝါသီးနှံတစ်ဧကအထွက်နှုန်းတိုးတက်စေရေး၊ ဝါမျိုးကောင်းမျိုးသန့်များ စနစ်တကျအသုံးပြုစိုက်ပျိုးနိုင်စေရေးအတွက် ရွှေတောင် (၁၀)ဝါအမျိုးအစားမျိုးစေ့ထုတ်စိုက်ခင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှိုင်မြို့နယ် လျှပ်စစ်မန်နေဂျာရုံး၌ မီးဘေးအန္တရာယ်အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်းလက်တွေ့သရုပ်ပြ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ ပွင့်လင်းရာသီ ရောက်ရှိလာသည်နှင့်အမျှ ဌာနဆိုင်ရာရုံးများ မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပေါ်စေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးတို့ပူးပေါင်း၍ ယမန်နေ့ နံနက် ၁၀ နာရီက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြခြင်းကို မြို့နယ်လျှပ်စစ်မန်နေဂျာရုံးဝန်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့၊ ရွှေညောင်ပင်ကျောင်းတိုက်တွင် ဘက်စုံအသုံးပြုရန် ဆိုလာ၊ အင်ဗာတာနှင့် ဆက်စပ်ပစ္စည်းများလှူဒါန်းပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့၊ ရွှေတောင်စုရပ်ကွက်၊ ရွှေညောင်ပင်ကျောင်းတိုက်၊ ပညာဆီးမီးဓမ္မာရုံးကြီးတွင် ယနေ့ နံနက် ၇ နာရီက အင်ဗာတာ ရေစက်ချလှူဒါန်းပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တွန်းသင်္ဘောတစ်စီးမီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ယမန်နေ့နံနက် ၁၀ နာရီ အချိန်ခန့်တွင် ခနောင်တိုချောင်းအတွင်း ရပ်နားထားသည့် တွန်းသင်္ဘောတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်၌ ဖိုးဦးတောင်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်မှု စုပေါင်းရေစက်ချအလှူတော်မင်္ဂလာကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဖိုးဦးတောင်စေတီတော်မြတ်ကြီးတွင် ယမန်နေ့နံနက်ပိုင်းက လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်မှု စုပေါင်းရေစက်သွန်းချ အလှူတော်မင်္ဂလာအခမ်းအနားကျင်းပခဲ့ရာ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့်ဇနီး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အလုံမြို့နယ်အတွင်းသို့ ယာယီနေရပ်စွန့်ခွာ၍ ပြောင်းရွှေ့ရောက်ရှိလာသည့် ပြည်သူများအား တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းစီ ပေးအပ်

အလုံမြို့နယ်အတွင်းသို့ ရောက်ရှိလာသည့် နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းစီ ပေးအပ်ခြင်းကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

စမ်းချောင်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ ပြည်သူများ ပန်းခင်းစီမံအဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန့်နေ့နံနက် (၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ သာစည်လမ်းနှင့် ပြည်ထောင်စုဈေးကြီးကြားရှိ မီးရထားသံလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု လိုက်လံကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အားမြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်စေရေးနှင့်ရပ်ဝေးရပ်နီးမှ ခရီးသွားပြည်သူများ၊ မြို့နေပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် သွားလာနိုင်ရေးစေရေးတို့အတွက် ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့ရှိ လူစည်ကားရာနေရာဖြစ်သည့် သာစည်လမ်းနှင့် ပြည်ထောင်စုဈေးကြီးကြားရှိ မီးရထားသံလမ်းတစ်လျှောက်ရှိ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများရေစီးရေလာကောင်းမွန်စေရေးတို့အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မုံရွာဘူတာရှိမီးရထားဝန်ထမ်းများမှ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။
Subscribe to