ကန့်ဘလူမြို့သို့ရောက်ရှိနေကြသည့် ကန့်ဘလူခရိုင်၊ ကောလင်းခရိုင်နှင့် ရေဦးခရိုင်အတွင်းမှ နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ

မုံရွာ ဖေဖော်ဝါရီ ၂၄

ကန့်ဘလူမြို့သို့ရောက်ရှိနေကြသည့် ကန့်ဘလူခရိုင်၊ ကောလင်းခရိုင်နှင့် ရေဦးခရိုင်အတွင်းမှ နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် ကန့်ဘလူခရိုင် စုပေါင်းရုံးရှိ ရွှေဆည်မြိုင်ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နေရပ်စွန့်ခွာပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်မှ ကန့်ဘလူခရိုင်၊ ကောလင်းခရိုင်နှင့် ရေဦးခရိုင်အတွင်းမှ နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကန့်ဘလူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကန့်ဘလူမြို့သို့ရောက်ရှိနေကြသည့် ကန့်ဘလူခရိုင်၊ ကောလင်းခရိုင်နှင့် ရေဦးခရိုင်အတွင်းမှ နေရပ်စွန့်ခွာပြည်သူ (၃၉၁၂) ဦးအား တစ်ဦးလျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် တစ်လစာ ထောက်ပံ့ချီးမြှင့်ငွေကျပ် - ၇၈၂၄၀၀၀၀ (သိန်းခုနှစ်ရာ ရှစ်ဆယ်နှစ်သိန်း လေးသောင်းကျပ်)အား အသီးသီးပေးအပ်ကြသည်။

ယင်းနောက် ကန်ဘလူခရိုင်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်စကားများ ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့ရှိ မဟာရွှေစည်ကြီးကျောင်းတိုက်သို့ရောက်ရှိရာ ဆရာတော်ကြီးများထံ သာသနာရေးဆိုင်ရာများ လျှောက်ထားကာ တာဝန်ရှိသူများနှင့်အတူ ဝတ္ထုငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)