ကသာ ဖေဖော်ဝါရီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ (၅)ရက်နေ့မြောက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က မြို့တော်ခန်းမ၌ ဆက်လက်ပြုလုပ်ခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာပြည်သူတစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ်(၂၀၀၀၀)နှုန်းဖြင့် လူဦးရေ(၂၄၀)ဦးအတွက် ထောက်ပံ့ငွေကျပ် (၄,၈၀၀,၀၀၀)/- ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ ကသာမြို့တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူစုစုပေါင်း (၃၁၀၀)ဦးကျော်ရှိပြီး ယနေ့တွင် (၂၄၀)ဦးအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းဖြစ်သည်။ ကျန်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ငွေထောက်ပံ့ပေးအပ်နိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
ရဲလင်းထွန်း(ပြန်/ဆက်)