မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (MIIT) တတိယအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်

ချမ်း‌အေးသာစံ ဖေဖော်ဝါရီ ၂၄

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (MIIT) ၏ တတိယအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖေဖော်ဝါရီလ (၂၃) ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့ရှိ အဆိုပါတက္ကသိုလ် Auditorium ခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊  MIIT ပါမောက္ခချုပ် ဒေါက်တာဝင်းအေး၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ (ဌာနမှူး)များ၊ စီမံခန့်ခွဲရေးနှင့် ပညာရေးအဖွဲ့ဝင်များ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘများ တက်ရောက်ကြသည်။ 

ရှေးဦးစွာ ပါမောက္ခချုပ်၊ စီမံခန့်ခွဲရေးနှင့်ပညာရေးအဖွဲ့ဝင်များက သတ်မှတ်ထားသည့် နေရာအသီးသီးတွင် နေရာယူကြပြီးနောက် အခမ်း အနားကို အစီအစဉ် ဆက်လက်ကျင်းပခဲ့သည်။

၎င်းနောက် ပါမောက္ခချုပ်က ကွန်ပျူတာသိပ္ပံအင်ဂျင်နီယာ B.E (Hons:) (CSE) ဘွဲ့ရ (၅) ဦး၊ အီလက်ထရောနစ်ဆက်သွယ်ရေး အင်ဂျင်နီယာ B.E (Hons:) (ECE) ဘွဲ့ရ (၅) ဦး၊ ကွန်ပျူတာသိပ္ပံအင်ဂျင်နီယာ B.E (Hons:) (CSE) ဘွဲ့ရ (၆) ဦး၊ အီလက်ထရောနစ်ဆက်သွယ်ရေး အင်ဂျင်နီယာ B.E (Hons:) (ECE) ဘွဲ့ရ (၁၄) ဦးတို့ကို ဘွဲ့များအပ်နှင်းခဲ့ပြီးနောက် အဝေးရောက်ဘွဲ့ယူသူ ကွန်ပျူတာသိပ္ပံ အင်ဂျင်နီယာ B.E(Hons:) (CSE) ဘွဲ့ရ (၇) ဦး၊ အီလက်ထရောနစ်ဆက်သွယ် ရေးအင်ဂျင်နီယာ B.E(Hons:) (ECE) ဘွဲ့ရ (၁) ဦး၊ ကွန်ပျူ တာသိပ္ပံအင်ဂျင်နီယာ B.E( Hons:) (CSE) ဘွဲ့ရ (၃) ဦး၊ အီလက်ထရောနစ် ဆက်သွယ်ရေးအင်ဂျင်နီယာ B.E (Hons:) (ECE) ဘွဲ့ရ (၅) ဦး တို့ကိုလည်း အပ်နှင်းကြေညာခဲ့ကြောင်း၊ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်၏ တတိယအကြိမ်အင်ဂျင်နီယာ (ဂုဏ်ထူး) ဘွဲ့ ဘွဲ့နှင်းသဘင်အခမ်းအနား၌ ပါမောက္ခချုပ်က မိန့်ခွန်းမြွက်ကြားခဲ့ကြောင်းနှင့် အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်