ဟိုပုံး ဖေဖော်ဝါရီ ၂၄
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအဆင့်(ကျောင်းတွင်းစစ်) နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်းစာမေးပွဲကို ဖေဖော်ဝါရီလ (၂၀) ရက်နေ့မှစ၍ ကျင်းပလျက်ရှိရာ သက်ဆိုင်ရာကျောင်းအသီးသီးတို့၌ ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဟိုပုံးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၈) ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (၃) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၉) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ (၁၂) ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း (၁၉) ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (၁၁၃) ကျောင်း၊ အခြေခံပညာမူလတန်းကျောင်းခွဲ (၁၆) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၅) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂) ကျောင်း၊ စုစုပေါင်းအခြေခံပညာ စာသင်ကျောင်း (၁၈၇) ကျောင်းရှိပြီး ဟိုပုံးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအဆင့် (ကျောင်းတွင်းစစ်) နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်းစာမေးပွဲကို ဖေဖော်ဝါရီလ (၂၀) ရက်နေ့မှ (၂၅) ရက်နေ့အထိ ကျင်းပလျက်ရှိရာ KG မှ Grade-11 အထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၈၈၇၂) ဦးတို့က သက်ဆိုင်ရာကျောင်းများတွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ထို့အပြင် Grade-5 နှင့် Grade-11 အစိုးရစစ်စာမေးပွဲကို မတ်လ (၃) ရက်နေ့မှ (၈) ရက်နေ့အထိ အခြေခံပညာစာသင်ကျောင်းအသီးသီးတွင် ကျင်းပမည်ဖြစ်ပြီး Grade-12 တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၁၇) ရက်နေ့မှ (၂၂) ရက်နေ့အထိ စာစစ်ဌာန (၁)ခု ဖွင့်လှစ်၍ ကျင်းပမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင်(ပြန်/ဆက်)