ရွှေတောင် ဖေဖော်ဝါရီ ၂၄
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှု၊ ပဲခူးတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန တိုင်းဦးစီးမှူးနှင့် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့၏အနီးကပ်ကြီးကြပ်မှုဖြင့် ရွှေတောင်မြို့နယ်၊ တရုတ်မှော်တိုက်နယ်ဆေးရုံတွင် ပြည်မြို့ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၏ (အခမဲ့)ဆေးကုသမှုအစီအစဥ်နှင့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲအခမ်းအနားကျင်းပခဲ့သည်။
အဆိုပါ အခမဲ့ကွင်းဆင်းဆေးကုသမှုပြုလုပ်ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်မြို့ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ ဒေါက်တာဝင်းမော်ဦး(ဆေးရုံအုပ်ကြီး) ဦးဆောင်၍ အထူးကုဆေးကုသမှုအဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်မျိုးသန့်နှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက ပူးပေါင်းပါဝင်၍ အထူးကုဆေးကုသရေးအဖွဲ့မှ အထွေထွေကုသမှုခံယူသူ(၁၁၁)ဦး၊ ခွဲစိတ်ရောဂါကုသမှုပြသသူ(၂၀)ဦး၊ ကလေးကုသမှုခံယူသူ(၁၀)ဦး၊ မျက်စိရောဂါကုသမှုခံယူသူ(၁၀၄)ဦး၊ ကိုယ်ဝန်ဆောင်သည်ပြသသူ(၆)ဦး၊ အရိုးရောဂါပြသသူ(၅၉)ဦး၊ သွားနှင့်ခံတွင်းကုသမှုခံယူသူ(၁၀)ဦး စုစုပေါင်းကုသမှုခံယူသူ(၃၂၀)ဦးတို့အား ဆေးကုသမှုလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကိုကိုမင်း ( ပြန်/ ဆက်)