ပင်လုံ ဖေဖော်ဝါရီ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ပင်လုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီအချိန်က ပင်လုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့သွားရောက် ဆောင်ရွက်ပေးခဲ့ပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင် စာကြည့်တိုက်သို့မလာရောက်နိုင်သူများအား စာပေများလက်ဝယ်အရောက်ငှားရမ်းဖတ်ရှုနိုင်ရန် စာပေဖတ်ရှု့သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာဖတ်စွမ်းရည်မြှင့်တတ်စေရန်၊ အားလပ်ချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ စာဖတ်ပရိတ်သတ်များထံ လက်ဝယ်အရောက်ငှားရမ်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးခြင်းလုပ်ငန်းကို ပင်လုံမြို့ရုံးဝန်ထမ်းများကဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများနှင့်ရပ်ကွက်များအား အလှည့်ကျသွားရောက်ငှားရမ်းပေးလျက်ရှိကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)