သရက်မြို့၌ ဆေးရုံအထောက်အကူပြုအဖွဲ့အစည်းအဝေးနှင့် ဆေးရုံသုံးစက်ပစ္စည်းများ လှူဒါန်းပွဲ ကျင်းပ

သရက် ဖေဖော်ဝါရီ ၂၄

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ဆေးရုံအထောက်အကူပြုအဖွဲ့အစည်းအဝေးနှင့် ဆေးရုံသုံး စက်ပစ္စည်းများ လှူဒါန်းပွဲအခမ်းအနားကို ယနေ့ န့နက်(၁၀) နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်ပြည်သူ့ဆေးရုံ ဆေးရုံအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာမှာ ဆေးရုံအထောက်အကူပြုအဖွဲ့အစည်းအဝေးကို ပုံမှန်ကျင်းပပေးခြင်းဖြင့် ဆေးရုံအတွက် လိုအပ်သော အကြံဉာဏ်များပေးနိုင်ပြီး ဆေးရုံအတွက်လိုအပ်ချက်များ ဖြည်းဆည်းပးနိုင်ခြင်း၊ ဆေးရုံ၏ အားသာချက်များကို ဆက်လက်ထိန်းသိမ်းနိုင်ပြီး အားနည်းချက်များကို ပြုပြင်ပေးနိုင်ပြီး ဆေးရုံအထောက်အကူပြုအဖွဲ့၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်နိုင်ပြီး စသည့် ကောင်းသောအကျိုးကျေးဇူးများရရှိနိုင်မှာရရှိနိုင်မှာဖြစ်ကြောင်း ပြောကြားပေးခဲ့သည်။

ထို့နောက် ခရိုင်ပြည်သူ့ဆေးရုံ ဆေးရုံအထောက်အကူပြုအဖွဲ့ အတွင်းရေးမှူး ဒေါက်တာ ညွန့်ရွှေအောင်(ဆေးရုံအုပ်)က ခရိုင်ပြည်သူ့ဆေးရုံ လုပ်ငန်း ဆောင်ရွက်နိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး အလှူရှင်များကိုယ်စာ အလှူရှင် ဦးတင်အောင်မြင့်က ဆေးရုံသုံးစက်ပစ္စည်များ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ တင်ပြပေးခဲ့သည်။ ဆက်လက်၍ သရက်ခရိုင် ပြည်သူ့ဆေးရုံ လူနာများကုသရာတွင် အသုံးပြုရန်အတွက် အလှူရှင်များက ဆေးရုံသုံးစက်ပစ္စည်းများ လှူဒါန်းရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ဆရာဝန်ကြီးတို့က လက်ခံပေးခဲ့ပြီး ဆေးရုံသုံးစက်ပစ္စည်းများ ဆေးရုံအတွက် လှူဒါန်းပေးမှုအပေါ် ဒေါက်တာရဲကျော်မိုး (အထူးကုဆရာဝန်-ဆေးပညာ)မှ ကျေးဇူးတင်စကားပြောကြားပေးခဲ့ကြောင်း သိရသည်။  

ဇော်ထက်(သရက်)