မိတ္ထီလာမြို့နယ်တွင် နို့စားနွားမွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်း

မိတ္ထီလာ ဖေဖော်ဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့်ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းစီမံကိန်းတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နို့စားနွားမွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက ပြောပြ၍ သိရသည်။

မိတ္ထီလာမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဆောင်ရွက်သည့် မြစိမ်းရောင်စီမံကိန်းဖြင့် ဥယျာဉ်ကျေးရွာ၊ မကျီးပင်ပုကျေးရွာ၊ အုတ်ကျင်းကျေးရွာနှင့် ကန်သာအေးကျေးရွာ () ရွာတို့မှ ဒေသစပ်မျိုးနို့စားနွားမွေးမြူခြင်းကို သမဝါယမအစုအဖွဲ့ပုံစံဖြင့် ကျေးရွာတစ်ရွာလျှင် မတည်ရန်ပုံငွေကျပ်သိန်း ၃၀၀ နှင့် ကျေးရွာမှမွေးမြူသည့်အစုအဖွဲ့မှ ထည့်ဝင်ငွေကျပ်သိန်း ၁၀၀ စုစုပေါင်းကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း ၄၀၀ စီဖြင့် နို့စားနွား ၁၆ ကောင်စီဖြင့်လည်းကောင်း၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေဖြင့် ပေါက်ပင်သာကျေးရွာတွင် မတည်ရန်ပုံငွေ ကျပ်သိန်း ၃၀၀ နှင့် ကျေးရွာမှ မွေးမြူသည့်အစုအဖွဲ့မှ ထည့်ဝင်ငွေကျပ်သိန်း ၁၀၀ စုစုပေါင်း ငွေကျပ်သိန်း ၄၀၀ ဖြင့် နို့စားနွား ၁၆ ကောင်နှင့် မုန်ပင်ဆည်ကျေးရွာတွင် ကျပ်သိန်း ၃၀၀ နှင့် ကျေးရွာမှမွေးမြူသည့်အစုအဖွဲ့မှ ထည့်ဝင်ငွေ ကျပ်သိန်း ၁၀၀ စုစုပေါင်း ငွေကျပ်သိန်း ၄၀၀ ဖြင့် နိုင်ငံခြားမျိုး (ဖရီရှန်-နို့စားနွား) ၁၂ ကောင် စုစုပေါင်းကျေးရွာ () ရွာတွင် မတည်ရန်ပုံငွေကျပ်သိန်း ၁၈၀၀ နှင့် အစုအဖွဲ့ထည့်ဝင်ငွေကျပ်သိန်း ၆၀၀ ပေါင်း ကျပ်သိန်း ၂၄၀၀ ဖြင့် နို့စားနွား (၉၂) ကောင်အား စက်တင်ဘာလ ဒုတိယပတ်မှစတင်၍ မွေးမြူထားရှိပါသည်။

ယခုအခါ ကျေးရွာ ရွာမှ နွားပေါက်တိုးပွားမှုကောင်ရေ အထီး () ကောင် အမ (၁၁) ကောင် စုစုပေါင်းတိုးပွားကောင်ရေ (၁၈) ကောင်ရှိပြီဖြစ်၍ မူလမွေးမြူထားသည့် နို့စားနွား ၉၂ ကောင်နှင့် တိုးပွါးကောင် ၁၈ ကောင် စုစုပေါင်း ၁၁၀ ကောင် မွေးမြူလည်ပတ်လျက်ရှိပါသဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ ရွာမှ နို့စားနွားမွေးမြူသည့်တောင်သူများအတွက် အကျိုးများစွာဖြစ်ထွန်းလျက်ရှိပါကြောင်း မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)