ကျောက်ဆည်မြို့နယ်တွင် နွေစပါး(၁၉၉၈၀)ဧက စိုက်ပျိုးသွားမည်ဖြစ်

ကျောက်ဆည် ဖေဖော်ဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊‌ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် ရေရရှိရေး နည်းလမ်းများအလိုက် နွေစပါးသီးနှံ (၁၉၉၈၀)ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

နွေစပါးသီးနှံများစိုက်ပျိုးရာ၌ ဇော်ဂျီဆည်ရေသောက်စနစ်၊  မင်းရဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်း စခန်း၊ မင်းရဲမြောင်းရေဖြင့် (၁၆၆၂) ဧက၊ သင်းတွဲမြောင်းရေဖြင့် (၁၀၀၃)ဧက၊ နွားတက်မြောင်းရေဖြင့် (၁၈၉၅)ဧက၊ သင်းတွဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် သင်းတွဲမြောင်းရေဖြင့်( ၃၀၀)ဧက၊ သင်းတွဲ မြောင်းရေဖြင့် (၂၆၄၀)ဧက၊ ငပြောင်မြောင်းရေဖြင့် (၁၃၂၄)ဧက၊ သင်းဒီးစိုက်ပျိုးရေး နည်းပညာပေးရှေ့တန်းစခန်းတွင် နွားတက်မြောင်းရေဖြင့် (၂၃၄၀)ဧက၊ ကင်းတားဆည် ဆည်ရေသောက်စနစ်ဖြင့် သင်းဒီးမြောင်းရေဖြင့် (၁၅၀၀)ဧက၊ ထုံးကြီးစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် နွားတက်မြောင်းရေဖြင့် (၁၉၆၀)ဧက၊ တမုတ်စိုက်ပျိုးရေး နည်းပညာပေးရှေ့တန်း စခန်းတွင် ဇီးတောမြောင်းရေဖြင့် (၄၅၀)ဧက၊ နွားတက်မြောင်းရေဖြင့်(၁၆၀၃)ဧက၊ တမုတ်မြောင်း ရေဖြင့် (၃၃၀၃)ဧက စုစုပေါင်း (၁၉၉၈၀)ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် နွေစပါးသီးနှံများစိုက်ပျိုးရာတွင် လျာထားချက်ပြည့်မီကျော်လွန်ရေးနှင့်  အောင်မြင်ဖြစ်ထွန်းရေး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ တောင်သူများနှင့်တွေ့ဆုံပြီး လိုအပ်မှုများမရှိစေရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)