ရေတာရှည်မြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ပံ့ပိုးငွေများ ပေးအပ်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်

ရေတာရှည် ဖေဖော်ဝါရီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ရေတာရှည်မြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ပံ့ပိုးငွေပေးအပ်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးခြင်းကို ယနေ့နံနက် ၉ အချိန်က မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပံ့ပိုးငွေပေးအပ်ခြင်းအခမ်းအနားတွင် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဥက္ကာသန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် အဆိုပါယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ၃၅၉ ဦးအတွက် ငွေကျပ် ၇၁၈၀၀၀၀ ကျပ်အား ပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါပံ့ပိုးငွေအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ လစဉ်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ကျန်းမာရေးဝန်ကြီးဌာနမှ လူတိုင်းသက်ရှည်ကျန်းမာဖို့၊ ပြည်သူ့ကျန်းမာရေးမြှင့်တင်စို့ ဆောင်ပုဒ်နှင့်အညီ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာနန္ဒာညီဆွေဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အဆိုပါယာယီနေရပ်စွန့်ခွာပြည်သူများအား သွေးချိုဆီးချိုစစ်ဆေးခြင်း၊ ကိုယ်အလေးချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်းတို့ကိုဆောင်ရွက်၍ ကျန်းမာရေးစစ်ဆေးပေးပြီး လိုအပ်သောဆေးဝါးနှင့် ကုသပေးခြင်းများကို အခမဲ့စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)