လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရေဥက္ကံကျေးရွာတွင် ပန်းခင်းစီမံချက်(၃)ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးဆောင်ရွက်

လှိုင်သာယာ(အရှေ့ပိုင်း) ဖေဖော်ဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင်းရှိ ပြည်သူများအား ပန်းခင်းစီမံအဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်‌ပေးဆောင်ရွက်ခြင်းကို ယမန့်နေ့နံနက်(၉)နာရီ၌  ရေဥက္ကံကျေးရွာတွင်  နိုင်ငံသားစိစစ်‌ရေး ကတ်ပြားများထုတ်ပေးလျက်ရှိပြီး အမှတ်(၇)ရပ်ကွက်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် ကွင်းဆင်းဆောင်ရွက်‌ပေးလျက်ရှိသည်။

ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်က အဖွင့်အမှာစကားပြောကြားပြီး လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာနမှ လက်ထောက်ညွှန်ကြား‌ရေးမှူးဦးသန့်ဇင်က  ရေဥက္ကံကျေးရွာအတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား ကျား(၅၇)ဦး၊ မ(၆၁)ဦး စုစုပေါင်း(၁၁၈)ဦးထုတ်ပေးပြီး အမှတ်(၇)ရပ်ကွက်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားများကို လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၀န်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ (ပြန်/ဆက်)