စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ကန့်ဘလူခရိုင်/မြို့နယ်ဌာနဆိုင်များနှင့် တွေဆုံပွဲနှင့် နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ဓာတ်မြေဩဇာ၊ လက်ဆွဲမျိုးစေ့ချကိရိယာ ပေးအပ်ပွဲတက်ရောက်
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဖေဖော်ဝါရီ ၂၄ ရက်နံနက် ၁၀ နာရီခန့်က ကန့်ဘလူခရိုင်စုပေါင်းရုံး ရွှေဆည်မြိုင်ခန်းမ၌ ခရိုင်အတွင်းရှိ ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံပွဲ ကျင်းပပြုလုပ်ရာ နည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး မြတ်သူ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးဖြိုးမင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။