ကျွန်းလှမြို့နယ်၌ ဆောင်းရာသီစိုက်ပျိုးသော ပန်းမုန်လာ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ရှမ်းစုကျေးရွာတွင် ချောင်းရေတင်ပြီး ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးကြရာ ယခုနှစ်ဆောင်းရာသီ စိုက်ပျိုးသော ပန်းမုန်လာ ဈေးကောင်းရရှိကြကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

မြစ်သားမြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများအား မီးဘေးလုံခြုံရေးစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  မြစ်သားမြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ ခုနှစ်၊  တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသွားမည်ဖြစ်ရာ စာစစ်ဌာနများအား မီးဘေးလုံခြုံရေးအတွက် ယမန်နေ့ညနေ(၃)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနနှင့် တာဝန်ရှိသူများပူးပေါင်းကာ မီးဘေးလုံခြုံရေးစစ်ဆေးကြပ်မတ်မှုများ ဆောင်ရွက်ခဲ့သည်။

တောင်တွင်းကြီးမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေ ပေးအပ်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က တောင်တွင်းကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အမှတ် (၃) ရပ်ကွက်သို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့် စာအုပ်/ စာစောင်များငှားရမ်းပေးခြင်းကို  ယနေ့နံနက်ပိုင်းက  လိပ်သိုမြို့ အမှတ်(၃) ရပ်ကွက်သို့  သွားရောက်၍ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ကျေးလက်နေပြည်သူများအား ကျန်းမာရေးဝန်ဆောင်မှုများပိုမိုဆောင်ရွက်ပေးနိုင်ရန် အရန်သားဖွားသင်တန်းဖွင့်

ကျေးလက်နေပြည်သူများ ရောဂါဘယကင်းရှင်းရေး၊ သက်တမ်းစေ့အသက်ရှည် စွာနေထိုင်နိုင်ရေးနှင့် လူတိုင်းလက်လှမ်းမီသော ကျန်းမာ ရေးစောင့်ရှောက်မှုရရှိနိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော အရန်သာဖွားသင်တန်း(၁/၂၀၂၅)ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၆)ရပ်ကွက်၊ ဒေသန္တရကျန်းမာရေးဌာန၌ ကျင်းပခဲ့သည်။

ညောင်လေးပင်မြို့နယ် အခြေခံပညာကျောင်းများ၌ နှစ်ဆုံးစာမေးပွဲများဆက်လက်ဖြေဆို

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်ဆုံးကျောင်းတွင်းစစ်ဆေးခြင်းစာမေးပွဲကို ဖေဖော်ဝါရီလ(၂၀)ရက်နေ့မှ (၂၆)ရက်နေ့အထိ စစ်ဆေးသွားမည်ဖြစ်ရာ (၅)ရက်မြောက်နေ့ (သမိုင်း)ဘာသာရပ်အား ယနေ့နံနက်(၉) နာရီအချိန်တွင် ညောင်လေးပင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် Grade-4 မှ Grade-11 ထိ ကျောင်းသား/ကျောင်းသူများက အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။   

ဘားအံမြို့ရှိ သစ်လွင်ယက္ကန်းကုန်ထုတ်သမဝါယမအသင်းသို့ ကွင်းဆင်းစစ်ဆေး

ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် သမဝါယမကဏ္ဍမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်သမဝါယမဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်အေးပွင့်ဖြူနှင့် တာဝန်ရှိသူများသည် ဘားအံမြို့နယ် အိန္ဒုကျေးရွာရှိ သစ်လွင်ယက္ကန်းကုန်ထုတ် သမဝါယမအသင်းသို့ သွားရောက်ပြီး သမဝါယမအသင်းသားများပိုင် ယက္ကန်းစင်များတွင် ကရင်ရိုးရာအဝတ်အထည်များ ယက်လုပ်နေမှု၊ ထွက်ရှိလာသော ချည်ထည်များ ထုပ်ပိုးမှုများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီး‌ဘေးလုံခြုံရေးကွင်းဆင်း စစ်ဆေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီး‌ဘေးလုံခြုံရေးစစ်ဆေးအကြံပြုခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရုံးဌာနများသို့ စဉ်ဆက်မပြတ်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျွန်းစုမြို့၌  မီးသတ်ဦးစီးဌာနက ရုံးအဆောက်အဦများ မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ဌာနဆိုင်ရာ အဆောက်အဦများ၏ မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနက ယမန်နေ့မှ စတင်ကာ မီးဘေးကြိုတင်ကာကွယ်ရေးအနေဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to