ကသာမြို့တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားပြုလုပ်

ကသာ ဖေဖော်ဝါရီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆင်းရဲမှုလျော့ချရေးရန်ပုံငွေဖြင့် ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ဖွင့်လှစ်သည့် လူသုံးကုန်းထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ကသာခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ယာယီခန်းတွင် ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က ပြုလုပ် ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် ကသာခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းဆွေကသင်တန်းသည် နိုင်ငံခြားမှတင်သွင်းလာသည့် လူသုံးကုန်းပစ္စည်းနေရာတွင် ပြည်တွင်းဖြစ်လူသုံးကုန်းများအဖြစ် အစားထိုးနိုင်ရန်၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများထူထောင်ကြရန်၊ တစ်ဦးချင်းဝင်ငွေတိုးပွားစေရန်၊ ဒေသခံပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊  လူသုံးကုန်ထုတ်လုပ်မှုဆိုင်ရာ ဥပဒေသများကို သိရှိနိုင်စေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ် ဆောင်ရွက်ပေးရချင်းဖြစ်ကြောင်းနှင့် တစ်ပိုင်တစ်နိုင်စီးပွားရေးပြုလုပ်နိုင်ရန်အတွက် မိမိတို့ဌာနအနေဖြင့် ပြင်ပကုမ္ပဏီများနှင့် ချိတ်ဆက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စသည်တို့ကို ပြောကြားခဲ့သည်။

ကသာခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု သင်တန်းတွင် ပန်းကန်ဆေးဆပ်ပြာရည်၊ အဝတ်လျှော်ဆပ်ပြာရည်၊ လက်ဆေးဆပ်ပြာရည်၊ ကိုယ်တိုက်ဆပ်ပြာရည်၊ ခေါင်းလျှော်ဆပ်ပြာရည်၊ သဘာဝခေါင်းလျှော်ဆပ်ပြာရည်၊ (Herabl) ရေချိုးဆပ်ပြာရည်၊ (Herabl/ ဓါတုနည်း)၊ အမွှေးရည် Scrub ပြုလုပ်နည်းနှင့် မျက်နှာသစ်ဆပ်ပြာပြုလုပ်နည်း (၁၅) မျိုး ပြုလုပ်နည်းသင်တန်းကို (၂၄-၂-၂၀၂၅) ရက်မှ (၂၈-၂-၂၀၂၅) ရက်နေ့ထိ သင်တန်းသား/ သင်တန်းသူ (၂၀) ဦးဖြင့် စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာ (ကသာ)