လသာမြို့နယ်လူထုအ​ခြေပြုဗဟိုဌာန၌ လူသုံးကုန်ပစ္စည်းဘက်စုံသုံးဆပ်ပြာခဲ ပြုလုပ်နည်းသင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်း​ဒေသကြီး၊​ ကျောက်တံတားခရိုင်၊ လသာမြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနှင့် မြို့နယ်အမျိုးသမီး​ရေးရာအဖွဲ့တို့ပူး​ပေါင်း၍ ရပ်ကွက်​နေပြည်သူများအား အိမ်တွင်းမှုလုပ်ငန်းအဖြစ် တစ်နိုင်တစ်ပိုင်လုပ်ကိုင်အသုံးပြုတတ်​စေရန်အတွက် လူသုံးကုန်ပစ္စည်း ဘက်စုံသုံးဆပ်ပြာခဲသင်တန်းကို ယမန်​နေ့နံနက်ပိုင်းက လသာမြို့နယ် လူထုအ​ခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

ပေါင်းတည်၌ အောင်နိုင်တိုးစပါးမျိုးများ စိုက်ပျိုးထားရှိမှုဖြစ်ထွန်းအောင်မြင်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂ဝ၂၅ ခုနှစ်၊ နွေစပါးစိုက်ပျိုးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများသို့ အောင်နိုင်တိုးစပါးမျိုးများဖြန့်ဝေ စိုက်ပျိုးထားလျက်ရှိကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁ /၂၀၂၅) လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၅) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များ တက်ရောက်သည်။

ဝေါမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊​ ဝေါမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှကြီးမှူး၍ ယနေ့နံနက်ပိုင်း (၁၁) နာရီအချိန်က အေးချမ်းသာယာရပ်ကွက်အတွင်းရှိ နေအိမ်များအား မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုများနှင့် မီးလောင်မှုများမဖြစ်ပွားစေရေးအတွက် တစ်အိမ်တက်/ဆင်း လိုက်လံစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ဖြူးမြို့နယ်အတွင်း နွေစပါးပန်းတိုင်အထွက်နှုန်းတိုးရေး စိုက်ဧက (၁၇၃၈၉) ဧက စိုက်ပျိုးရန်လျာထား

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ နွေစပါးပန်းတိုင် အထွက်နှုန်းတိုးရေးစိုက်ဧက (၁၇၃၈၉) ဧက စိုက်ပျိုးရန်လျာထားပြီး လက်ရှိအခြေအနေအရ (၁၅၀၁၂) ဧက စိုက်ပျိုးထားပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့မှ သိရသည်။

ရေတာရှည်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးရွာများသို့စွမ်းအားမြှင့်မီးဖိုများ အခမဲ့ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာများသို့စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုးရီးယားရာသီဥတုပြောင်းလဲမှုဗဟိုဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အသေးစားကာဗွန်ထုတ်လုပ်မှုလျှော့ချရေး စွမ်းအားမြှင့်မီးဖိုများကို ယမန်နေ့နံနက်ပိုင်းက အောင်းကုန်းကျေးရွာနှင့် ဝါးရုံတောကျေးရွာတို့၌ အခမဲ့ဖြန့်ဝေပေးခဲ့သည်။

မင်းဘူး(စကု)မြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင် ငွေကျပ် (၂၀၀၀၀) နှုန်း ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်း ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ နှုန်း ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ကျင်းပခဲ့သည်။

ဇမ္ဗူသီရိမြို့နယ်၌ ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းလုပ်ငန်းများအား ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် မွေးမြူထားသော အိမ်မွေးခွေးများအား ခွေးရူးရောဂါကြိုတင်ကာကွယ်ဆေးကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လိုက်လံထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကွန်ဟိန်းမြို့နယ်တွင် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အတန်းတင်စာမေးပွဲဖြေဆိုမည့်ကာလအတွင်း မီးဘေးအန္တရာယ်များမဖြစ်ပွားစေရေးအတွက် မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီတွင် အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

မိုင်းစံမြို့တွင် Biometric(ဇီဝဆိုင်ရာ)အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးမှ eID တာဝန်ခံ ဒုလဝကမှူး ဦးစိုင်းမျိုးကျော်နှင့် ဝန်ထမ်းများအဖွဲ့က မိုင်းစံမြို့ မြို့ပေါ်နှင့် ကျေးရွာနေ နိုင်ငံသားစိစစ်ရေးကတ်ပြားရှိပြီးသူများအား ပထမနေ့ Biometric UID စာရင်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to