ကော့မှူးတွင် အသားရောင်းချသောဆိုင်များဈေးနှုန်းမှန်ကန်စွာ ရောင်းချရေးလိုက်လံစစ်ဆေး

ကော့မှူး ဖေဖော်ဝါရီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် မြို့မဈေးကြီးအတွင်းရောင်းချသော အမဲသား၊ ဝက်သား၊ ဆိတ်သားရောင်းချသည့်ဆိုင်များအား ဈေးနှုန်းမှန်ကန်စွာရောင်းချမှုရှိမရှိကို ယနေ့နံနက်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ လိုက်လံစစ်ဆေးနေကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံဦးတင်မင်းတို့က ပြည်သူများဝယ်ယူစားသုံးနိုင်ရေးအတွက် အမဲသား၊ ဆိတ်သား၊ ဝက်သားများအား သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချမှုရှိမရှိတို့အား လိုက်လံစစ်ဆေးနေကြောင်းသိရသည်။

ကျော်သူရ (ကော့မှူး)