မအူပင်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားပြတ်တောင်မှုကြောင့် ရေပြတ်လပ်မှုမဖြစ်‌ပါ်စေရန် သောက်သုံးရေများ သွားရောက်လှူဒါန်း

မအူပင် ဖေဖော်ဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့် ရေပြတ်လပ်မှုမဖြစ်ပေါ်စေရေး၊ သောက်သုံးရေလုံလောက်မှု ရှိစေရေးအတွက် ယနေ့နံနက် (၁၀) နာရီက မြို့နယ်မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများ သွားရောက်လှူဒါန်းသည်။

အဆိုပါသောက်သုံးရေလှူဒါန်းမှုအား မအူပင်မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိူဋ္ဌေးဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ အမှတ် (၂) ရပ်ကွက်၊ မြသီတာ (၁) လမ်းရှိ ရပ်ကွက်နေပြည်သူများ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုး‌ရေးသင်တန်း ကျောင်း (မအူပင်) နှင့် ရေလဲကလေးကျေးရွာရှိ ဓမ္မသုခဘုန်းတော်ကြီးကျောင်းသို့ သောက်သုံးရေဂါလံ (၂၄၀၀) အား သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)